သူငယ်ချင်းတို့အတွက် ခုတစ်ခါ တင်ပြမှာလေးကတော့ တပါးသူရဲ့ စိတ်ကို ကြိုသိနေတဲ့ သင်္ချာ
ဥာဏ်စမ်း ပြကွက်လေးပါပဲ။
သင်က သင့်ရဲ့ သူငယ်ချင်းကို ပြောလိုက် “ကြိုက်တဲ့ ဂဏန်း ၅ လုံးပါတဲ့ ကိန်းတစ်ခုကို ရေးလိုက်”
ပြီးရင် သင်က တစ်ခြား စာရွက်အလွတ်တစ်ခုမှာ ဂဏန်း ၆ လုံးကို သူ့ရှေ့မှာရေးချပြီးစာရွက်ကို မှောက်
ထားလိုက်ပါ။ ပြီးတော့ “စောစောက ရေးတဲ့ ဂဏန်းတွေရဲ့ အောက် တည့်တည့်ကနေ နောက်ထပ်
ကြိုက်တဲ့ဂဏန်း ၅ လုံးရေးလိုက်ဦး” ဆိုပြီး ထပ်ရေးခိုင်းပါ။ ပြီးရင် သင်ကလည်း အဲဒီ ဂဏန်းတွေရဲ့
အောက်တည့်တည့်ကနေ ၅ လုံး သင်ကိုယ်တိုင်ဖြည့်ရေးလိုက်ပါ။နောက်တစ်ခါသူ့ကို ကြိုက်တဲ့ ဂဏန်း
၅ လုံး ထပ်ရေးခိုင်းလိုက်ဦး။ ပြီးရင်နောက်ဆုံး သင်က အောက်ဆုံးကနေ ဂဏန်း ၅ လုံး သင်ကိုယ်တိုင်
ရေးလိုက်ပြီး ဂဏန်း အားလုံးကို သူ့ကို ပေါင်းခိုင်းလိုက်ပါ။
သူက အဖြေရပြီဆိုရင် စောစောက သင်ရေးပြီး မှောက်ထားတဲ့ စာရွက်အလွတ်ကို လှန်ပြလိုက်ပါ။
အဲဒီ စာရွက်ထဲက ဂဏန်းတွေနဲ့ သူ့ရဲ့အဖြေဟာ တစ်ထပ်တည်းတူနေတာကိုအံ့သြဘွယ် တွေ့ရပါ
လိမ့်မယ်။
ဒီနည်းလေးကို ပြဖို့ဆိုရင် အရင်ဆုံး ရ ထားရမှာက ....
“ ၂ နှုတ်၊ ၂ တိုး၊ ၉ ဖြစ်အောင်လုပ်” ဆိုတဲ့ လင်္ကာလေးရရင် ပြလို့ရပါပြီ။
အဓိပ္ပါယ်ကို ဥပမာ ပုစ္ဆာလေးနဲ့ ရှင်းပြပါမယ်နော်.........။
ပထမဆုံး သင့်သူငယ်ချင်းကို ကြိုက်တဲ့ ဂဏန်း ၅ လုံး ချရေးခိုင်းလိုက်ပါ။ ဥပမာ သူက ...
52364 လို့ ရေးတယ်ဆိုပါစို့။ ဒါဆိုရင် သင်က စာရွက်အလွတ်တစ်ခုမှာ(၂ နှုတ်၊ ၂ တိုးလို့ ဆိုတဲ့
အတွက် ) အဲဒီ ကိန်းထဲမှ ၂ နှုတ်လိုက်ပါ ဒါဆို 52362 ရမယ်ပေါ့။ ပြီးရင် ရှေ့ဆုံးကနေ ၂ တစ်လုံး
တပ်ပေးလိုက်ပါ ဒါဆို 252362 ဖြစ်သွားပြီပေါ့။ အဲဒါဟာ
ကြိုတင် ရေးထားတဲ့ အဖြေပါပဲ အဲဒီ အဖြေစာရွက်ကို မှောက်ထားလိုက်လို့ ရပါပြီ။
ပြီးရင် နောက်ထပ် သူ့ကိုပဲ ဂဏန်း ၅ လုံး ရေးခိုင်းလိုက်ပါဦး သူရေးချင်တာရေးပေါ့။
ပထမ သူကရေး 52364
ဒုတိယ သူကရေး 48756 ဆိုပါစို့
ဒီတစ်ခါ သင်ရေးရမယ့်အလှည့်ရောက်ပြီ သင်က ဘယ်လိုရေးရမလဲဆိုရင်......
သူဒုတိယ ရေးတဲ့ ဂဏန်းတွေနဲ့ သင်ရေးလိုက်မယ့် ဂဏန်းတွေ အထက်အောက်ပေါင်းရင် ၉ ဖြစ်အောင်
ဖြည့်ရေးပေးရပါမယ် ရှင်းသွားအောင် ကြည့်လိုက်ပါနော်......
ပထမ သူကရေး 52364
ဒုတိယ သူကရေး 48756
တတိယ သင်ကရေး 51243
ပြီးရင် စတုတ္ထအကြိမ်မှာလည်း သူ့ကို ကြိုက်တဲ့ ဂဏန်း ၅ လုံးရေးခိုင်းလိုက်ပါဦး။
ပထမ သူကရေး 52364
ဒုတိယ သူကရေး 48756
တတိယ သင်ကရေး 51243
စတုတ္ထ သူကရေး 23610 လို့ ရေးလိုက်တယ်ဆိုရင်
သင်က ပဉ္စမအကြိမ်မှာ အထက်က အတိုင်း သူရေးတာကို ၉ ဖြစ်အောင် လိုက်ဖြည့်ပေး
လိုက်ရုံပါပဲ။ ဒါဆိုရင်.....
ပထမ သူကရေး 52364
ဒုတိယ သူကရေး 48756
တတိယ သင်ကရေး 51243
စတုတ္ထ သူကရေး 23610
ပဉ္စမ သင်ကရေး 76389
---------------
အားလုံးပေါင်း 252362 ဆိုတဲ့ အဖြေရလာမှာပါပဲ.....။
အဲဒီ အဖြေက စောစောက စာရွက်ထဲမှာ ၂ နှုတ် ၊ ၂ တိုးပြီး ရေးထားတဲ့ အဖြေပါပဲဗျာ.။
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ......
No comments:
Post a Comment