Tuesday, August 13, 2013
အသီး နှင့် ဟင်းသီးဟင်းရွက် ကွဲပြားပါရဲ့လား
ဟင်းသီးဟင်းရွက်၊ အသီးအနှံ စသည်တို့နှင့် ပတ်သက်၍ အခေါ်အဝေါ်အချို့သည် အရေးကြီး
သည့် ကိစ္စရပ်များ မဟုတ်သည့်တိုင် ဝေခွဲရခက်သည်များ ရှိသည်။ ၎င်းတွင် အသီး (fruit) နှင့် ဟင်းသီး
ဟင်း ရွက် (vegetable) သည် မြေမှပေါက်ရောက်သည့် အပင်များမှ ထွက်ရှိကြခြင်း တူကြသော်လည်း
သဘာဝ တွင် ကွဲပြားနေတတ်သည်။ ကျွန်တော်တို့ အလွယ်တကူ သိထားကြသည်များတွင် အသီးသည်
မပြုပြင်ဘဲ တစ်ခါတည်း စားနိုင်ကြ၍ ဟင်းသီးဟင်းရွက်သည် ပြုပြင်ကြော်လှော် ချက်လုပ်ရသည်။
ဥပမာအားဖြင့် လိမ္မော်သီး၊ မာလကာသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည်
အသီးများဖြစ်ကြ၍ ပဲသီး၊ ရုံးပတီသီး၊ ဘူး၊ ဖရုံ၊ ဖရဲနှင့် ခရမ်းချဉ်သီးတို့ကို ဟင်းသီးဟင်းရွက်အဖြစ်ဖြင့်သာ
သဘောထားကြပါသည်။
အဘိဓါန်များတွင် အသီးဟူသည် “အပင်မှဖြစ်ပေါ်လာသော၊ မျိုးစေ့၊ အသား၊ အခွံ စသည် ပါသည့်
အရာ” ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့် အသီးသည် အရည်ရွှမ်းတတ်ကြပြီး အတွင်းတွင်ခြောက်သွေ့
သော အစေ့ ပါရှိကြသည်။ ဟင်းသီးဟင်းရွက်သည် ဟင်းချက်စားရသော အသီးအရွက် ဖြစ်သည်။
ထူးခြားမှုတွင် ပန်းမုန်လာ၊ ပန်းဂေါ်ဖီဟူသည် ပန်းပွင့်များ ဖြစ်ကြပြီးဆလတ်ရွက်နှင့် ဂေါ်ဖီထုပ်
တို့သည် အရွက်များ ဖြစ်ကြသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့သည် အမြစ်များဖြစ်ကြပြီး ကညွတ်
ပင်များသည် ပင်စည်များဖြစ်ကြသည်။ သို့သော် အားလုံးကို ကျွန်တော်တို့ ဟင်းသီးဟင်းရွက်အဖြစ်သာ
သုံးနှုံး ခေါ်ဝေါ်ကြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment