Saturday, August 10, 2013

နံနက်စောစောတွင် ကြက်ဖများ ဘာ့ကြောင့် တွန်ရသလဲ


        ဟုတ်ပါတယ် ဒါ့ကြောင့်မို့ အမျိုးသားများက အမျိုးသမီးများကို စကားအနိုင်ယူလိုတဲ့အခါမျိုးမှာ

“ကြက်မ တွန်လို့ မိုးမလင်းဘူး၊ ကြက်ဖ တွန်မှ မိုးလင်းတယ်” လို့ ပြောလေ့ ပြောထရှိပါတယ်။


အမှန်ကတော့ မိုးလင်းလို့ ကြက်ဖတွန်တာပါ။ ဒီနေရာမှာလည်း အတိအကျပြောရရင် နေရဲ့

အလင်းရောင်လေး ပြူလာတဲ့အချိန်က စပြီး တစ်နေ့လုံး တွန်တတ်ပါတယ်။
  
      အသေချာဆုံး အချက်ကတော့ နံနက် လင်းအားကြီးမှာ အားရပါးရ တွန်လေ့ရှိတာပါပဲ။ နံနက်ပိုင်းမှာ

အဲဒီလို အားရပါးရ တွန်လိုက်ခြင်းအားဖြင့် တွန်လိုက်တဲ့ကြက်မှာ ခွန်အားတွေ ပိုပြီး တိုးလာစေတယ်လို့

သိရပါတယ်။ မွန်းလွဲပိုင်း ၃ နာရီလောက်က စပြီး ဘယ်ကြက်မဆို တွန်ခဲ့ရင် တွန်သလောက် အားအင်

ကုန်ခန်း သွားစေတယ်လို့လည်း သိရပြန်တယ်။ ဒါ့ကြောင့်မို့ ကြက်ဖတွေဟာ မွန်းလွဲပိုင်းမှ စပြီး

ညအချိန်အထိ သိပ်ပြီး တွန်တာ မတွေ့ရသလောက်ပါပဲ။

   ငှက်တွေရဲ့ သဘာဝကို လေ့လာကြည့်မယ်ဆိုရင် ငှက်တွေဟာ အလင်းရောင် တွေ့ရတာနဲ့ အသံထွက်

လာတတ်ပါတယ်။ တစ်ခါ အဲဒီလို အသံတွေကို ကြားရတဲ့အခါ ကိုယ်တိုင်က အသံပြုလာတတ်တယ်။

ငှက်ကလေးတွေကို တေးဆိုတယ်လို့ တင်စားမယ်ဆိုရင်တော့ အလင်းရောင်တွေ့လို့တေးဆိုတယ်၊

တေးဆိုသံကြားလို့ ပြိုင်တူ လိုက် တေးဆိုလေ့ရှိတတ်တယ်လို့ ပြောနိုင်ပါလိမ့်မယ်။
 
      ဒါက သဘ၀ တောတောင်ထဲမှာနေတဲ့  ငှက်တွေရဲ့ ဓလေ့ဖြစ်တယ်။ အဲဒီလိုပဲ မြို့ရွာတွေထဲမှာရှိတဲ့

ငှက်ကလေးတွေလည်း တစ်ကောင်နဲ့ တစ်ကောင် အသံပြုနေကြတဲ့အခါ ဆူညံနေတတ်ပါတယ်။

      ကြက်ဆိုတာ ငှက်အမျိုးအနွယ်ဝင်မို့ အဲဒီ သဘာဝ ရှိနေခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အချို့

မြို့ထဲမှာ ကြက်မွေးတဲ့အခါ အလင်းရောင် လုံလုံ၊ အသံလုံလုံ လုပ်ထားလေ့ ရှိတတ်ပါတယ်။ တနည်း

အားဖြင့် မွေးထားတဲ့ ကြက်တွေရဲ့ တွန်သံကို မကြားရအောင် အဲဒီလို အလင်းလုံ၊ အသံလုံကြက်တဲတွေ

ဆောက်ပြီး မွေးကြတယ်။ အပြင်မှာရှိတဲ့ ကြက်ဖတိုင်းဟာ အလင်းရောင်မြင်တာနဲ့ အားရပါးရ တွန်လိုက်

မှာပါ။ အဲဒီလို တွန်သံတစ်ချက် ကြားလိုက်တာနဲ့တစ်ဆက်တည်း တခြားကြက်တွေလည်း ဆင့်ကာ

 ဆင့်ကာ တွန်လိုက်တဲ့အသံများကို ကြားနေရမှာပါ။
  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...