Tuesday, August 27, 2013

အိပ်မပျော်ဘူးလား



အိပ်မပျော်သူများအတွက် အောက်ပါ အချက် (၁၀) ချက်ကို လိုက်နာကြည့်စေချင်ပါသည်။


  ၁။ အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန်ကို ဇယားဆွဲထားပါ။ အတိအကျ လိုက်နာရန် ကြိုးစားပါ။
              အချို့က စနေ၊ တနင်္ဂနွေနေ့များသည် ရုံးပိတ်ရက် သို့မဟုတ် အားလပ်ရက်များဖြစ်၍

အိပ်ယာဝင်ချိန်ကို တမင် နောက်ကျခံ၍ ၀င်ကြပြီး နေမြင့်အောင်လည်း စိတ်ချလက်ချ အိပ်စက်

တတ်ကြပါသည်။ ၎င်းသည်  အိပ်ယာဝင်ချိန်၊ ထချိန် မှန်ကန်မှုကို အကျင့်ပျက်စေပါသည်။ သို့မဟုတ်

အဆိုပါညများတွင် အိပ်မပျော်ခြင်းများ ဖြစ်ပွားတတ်ပါသည်။ သို့ဖြစ်၍  အိပ်ယာဝင်ချိန်၊ ထချိန်ကို

 နေ့စဉ် အချိန်မှန်ဖြစ်စေရန် ကြိုးစားပါ။ သင်သည် အိပ်ရေးဝထားခဲ့သော် သို့မဟုတ် ကောင်းစွာ

အိပ်စက်ရသည် ဆိုပါက နောက်တစ်နေ့နံနက်တွင် အိပ်ယာမှ စောစောထရန် နာရီနှိုးစက် မလိုပါ။


၂။ အိပ်ရမ၀င်မီ အစားအသောက် များများ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။

        အိပ်ရာမ၀င်မီ ၂ နာရီခန့်အလိုတွင် စားသောက်ခြင်းကိစ္စများကို ပြီးပြတ်ပါစေ။ အိပ်ရာမ၀င်မီ

 အလွန်အကျွံ အရက် သောက်ခြင်းသည် ညဥ့်နက်ချိန် တစ်ချိန်ချိန်တွင် သင့်အား နိုးစေပါလိမ့်မည်။

တစ်နည်းအားဖြင့် အပေါ့အပါး  သွားရန် ကိစ္စရပ်များ ပိုမိုဖြစ်စေပါလိမ့်မည်။ အမွှေးအကြိုင်များသော

အစာများနှင့် အဆီများသော အစာများ စားခြင်းကို  ရှောင်ကြဉ်ပါ။ ၎င်းသည် သင်၏ နှလုံးကို

ထိခိုက်စေပါမည်။ ၎င်းမှတစ်ဆင့် သင်၏ အိပ်စက်ခြင်းကိုလည်း အနှောက်အယှက်ပြုပါ လိမ့်မည်။

အကယ်၍ အိပ်ရာဝင်ခါနီးတွင် တစ်ခုခု စားလိုပါက အစာကြေလွယ်သော အစားအစာများကို စားပါ။

 ပေါင်မုန့်၊  ဆီရယ် ကဲ့သို့သော ကာဗို ဟိုက်ဒရိတ်ပါဝင်သော အစာများနှင့် အမိုင်နိုအက်ဆစ် တစ်မျိုး

ပါဝင်သော ငါး၊ ကြက်ဆင် စသည့်  အသားများသည် သင့်အား အိပ်ပျော်စေမည် မဟုတ်ပါ။


၃။ ကဖိန်းနှင့် နီကိုတင်းဓာတ်ပါသော အစာများကို ရှောင်ပါ။

             ကဖိန်းနှင့် နီကိုတင်းဓာတ်များသည် လူကို စွဲလမ်းမှု ဖြစ်စေတတ်သည်။ သာမန်အားဖြင့် 

လူကို နိုးကြားတက်ကြွစေ သည် ထင်ရသော်လည်း ၎င်းသည် ရေရှည်တွင် မသောက်ရ မနေနိုင်

လောက်အောင် ဖြစ်စေလိမ့်မည်။ အကယ်၍ ကော်ဖီကဲ့သို့ ကဖိန်းဓာတ်ပါသည့် တစ်ခုခုကို သောက်

လိုလျှင် အိပ်ယာမ၀င်မီ ၈ နာရီခန့်အလိုတွင်သာ  သောက်သင့်ပါတယ်။ ဆေးလိပ် သောက်သူများသည်

ညအခါ မကြာခဏ နိုးတတ်ကြပါသည်။ အိပ်ရာအတွင်း ဆေးလိပ်သောက်ခြင်းသည်  အလွန် အန္တရာယ်

ကြီးမားပါသည်။


၎။ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။

       သင်သည် လေ့ကျင့်ခန်း တစ်ခုခုကို ပြုလုပ်ရသည်ဆိုပါက ၎င်းကို ညနေအချိန်များတွင် ပြုလုပ်ပါ။

 အိပ်ရာဝင်ခါနီး ပြင်းထန်သော လေ့ကျင့်ခန်း ပြုလုပ်ခြင်းများကို ရှောင်ပါ။


၅။ အိပ်ခန်းကို အနည်းငယ် အေးနေပါစေ။

        အိပ်ခန်းတွင်း အပူချိန်သည် အနည်းငယ် အေးသည့် အနေအထားတွင် ရှိသင့်သည်။ အပူပေး

စက်ကို ပိတ်ထားခြင်းဖြင့် စွမ်းအင်ကို ချွေတာရာလည်း ရောက်ပါသည်။ အကယ်၍ အေးလာခဲ့လျှင်လည်း

 စောင်ခြုံခြင်းဖြင့် ကာကွယ် ပေးနိုင်သည်။ နွေးထွေးသော အ၀တ်နှင့် ခြေအိတ်များကို ၀တ်ဆင်၍အိပ်ပါ။

အကယ်၍ အခန်းအပူချိန် မြင့်တက်နေလျှင် ပေါ့ပါးသော အ၀တ် အစားများကို ၀တ်ဆင်၍ အိပ်ပါ။

အိပ်ရာခင်းကို ပါးပါး အသုံးပြုပါ။ အအေးပေးစက်ကို လိုအပ်သလောက်သာ  သုံးပါ။

    လေထုအတွင်း ရေငွေ့ပါဝင်နှုန်းအပေါ် မူတည်၍ ရေငွေ့ သို့မဟုတ် စိုထိုင်းမှုကို ထိန်းချုပ်သည့်

စက်များကို သုံးနိုင် သည်။ လေထုအတွင်း ခြောက်သွေ့မှုသည် လည်ပင်း နာကျင်ခြင်း၊ လည်ချောင်း

 ခြောက်သွေ့ခြင်းနှင့်  နှာခေါင်းသွေးလျှံခြင်းများ ကို ဖြစ်စေနိုင်ပါသည်။


၆။ ညအခါတွင်သာ အိပ်စက်သည့် အလေ့အကျင့်ကို ပြုလုပ်ပါ။

      အချို့သော ပုဂ္ဂိုလ်များသည် နေ့အခါ သို့မဟုတ် နေ့လည်စာ စားပြီးသည့်အချိန်များတွင် ခေတ္တ

 အိပ်စက်တတ်ကြ ပါသည်။ သို့သော် ၎င်းသည် တစ်နာရီထက် မပိုသင့်ပါ။ ညနေ ၃ နာရီ ကျော်လွန်သည့်

အချိန်များတွင် အိပ်စက်ခြင်းလည်း မဖြစ်သင့်ပါ။

           သို့သော် သင်သည် ညဘက်အလုပ်လုပ်ရသူ ဖြစ်ပါက နေ့ဘက်များတွင် အိပ်စက်ရန်မှာ

အိမ်ပြတင်းများကို လုံအောင်ပိတ်ပါ။ နေရောင်ခြည်ကို မမြင်နိုင်သည့် အနေအထားမျိုးကို ဆိုလိုပါသည်။


၇။ ငြိမ်သက်မှု ရှိပါစေ။

          တိတ်ဆိတ် ငြိမ်သက်ခြင်းသည် သင်၏ အိပ်စက်ခြင်းကို များစွာ အထောက်အကူပြုပါသည်။

 ရေဒီယို သို့မဟုတ် တီဗီ ကို ပိတ်ထားပါ။ အကယ်၍ သင်၏ပတ်ဝန်းကျင်သည် မလွှဲမရှောင်သာအောင်

ဆူညံမှုရှိနေပါက နားပိတ်ဆို့သည့် ကိရိယာ တစ်ခုခုကို အသုံးပြုပါ။ ပြတင်းပေါက်များကို

 နှစ်ထပ်ပြုလုပ်ပါ။ထူထဲသော ကန့်လန့်ကာကို အသုံးပြု  ကာရံပါ။


၈။ အိပ်ရာကို သင့်စိတ်တိုင်းကျ စီမံပါ။

          အိပ်စက်ကြသူတိုင်းသည် မိမိဆန္ဒအတိုင်း မိမိတို့ အိပ်ရာကို မပြင်ကြပါ။ သို့ဖြစ်၍ သင်၏

 အိပ်ရာကို သင့်အလိုကျ  စီမံပါ။ သက်သောင့်သက်သာ ရှိစေမည့် အိပ်ရာခင်း၊ လုံခြုံကျယ်ဝန်းမှု

ရှိသော ခြင်ကာနှင့် အနိမ့်၊ အမြင့် အဆင်ပြေစေမည့် ခေါင်းအုံးကို ရွေးချယ်ပါ။ အကယ်၍

 နှစ်ဦးအိပ်စက်ရခြင်းဖြစ်ပါက ကျယ်ဝန်းသော နေရာဖြစ်စေရန် စီမံပါ။  ကလေးများနှင့်  အိမ်မွေး

တိရစ္ဆာန်များသည် သင်၏ အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်စေတတ်ပါသည်။ အိပ်ရာဝင်လျှင်

 မီးမှိတ်သော  အလေ့အကျင့်ကို လေ့ကျင့်ယူပါ။ ၎င်းသည် ပါဝါစွမ်းအင် လျှော့ချခြင်းကိုလည်း

အထောက်အကူပြုစေပါသည်။ အကယ်၍  မိနစ် ၃၀ အတွင်း အိပ်မပျော်ခဲ့သေးလျှင် အိပ်ရာမှထ၍

တစ်စုံတစ်ခုကို လုပ်ကြည့်ပါ။ ပင်ပန်းသော အလုပ်မျိုး မဖြစ်စေရပါ။ ငြီးငွေ့လာပါက အိပ်ရာသို့

 ပြန်ဝင်ပါ။ စိတ်ပူပင်သောက များခြင်းသည် သင့်ကို စိတ်ဖိစီးမှုများကို  ဖြစ်ပေါ်စေပါလိမ့်မည်။

၎င်းသည် အိပ်ပျော်ခြင်းကို ဆန့်ကျင်ကြမည့် ကိစ္စများ ဖြစ်သည်။


၉။ ရေချိုးခြင်း။

           အိပ်ရာမ၀င်မီ ရေနွေးနွေးကို အသုံးပြု၍ ရေချိုးနိုင်သည်။ ၎င်းသည် အကြော၊ ကြွက်သားများ

 တင်းမာမှုကို လျော့ပါး စေပါသည်။


၁၀။ အိပ်ဆေးများကို အားမထားပါနှင့်။

        အကယ်၍ အိပ်ဆေးစသည် သောက်ရန် လိုအပ်လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆရာဝန်

 ညွှန်ကြားသည့်အတိုင်း လိုက်နာပါ။ သို့သော် သင့်အနေနှင့် ကောင်းစွာ အိပ်စက်နိုင်သည်ဟု

 ယူဆလျှင် ညွှန်ကြားပေးထားသည့်ဆေးများကို လျှော့၍ သုံးပါ။ သို့မဟုတ် ဆေးသောက်ခြင်းကို

ရပ်လိုက်ပါ။ ဆေးကို လိုအပ်သည်ထက် လျှော့၍ သောက်ပါ။ အထူးသဖြင့် အိပ်ဆေးများကို

အရက်နှင့် ရော၍ မသောက်ပါနှင့်။ ဆေးသောက်မှုကြောင့် နေ့ခင်း အချိန်များတွင် အလွန်

အိပ်ချင်လာလျှင် သို့မဟုတ် ငိုက်မျဉ်းနေလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။



           သူငယ်ချင်းတို့ ကျန်းမာကြပါစေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...