Wednesday, August 28, 2013

စက္ကူပိုက်ကလေး ထောင်နေအောင် ဘယ်လိုလုပ်မလဲ



         ဟောဒီ တစ်လက်မခွဲ အချင်း၊ ၄ လက်မ အရှည်ရှိတဲ့ စက္ကူ ပိုက်လုံးလေးကို တစ်ပေခန့်

အမြင့်ကနေ စားပွဲပေါ်ကို ပစ်ချပါမယ်။ အဲဒီ စက္ကူ ပိုက်လုံးလေး စားပွဲပေါ်မှာ ကျသွားတဲ့အခါ

 ထောင်လျက်သား ဖြစ်နေရပါမယ်။ ပစ်ချကြည့်ပါ။ ပစ်ချလိုက်တိုင်း စက္ကူပိုက်လုံးကလေးဟာ

လွင့်စင်ထွက်သွားပြီး လဲ လဲနေတာကိုပဲတွေ့ရမှာပါ။ ဘယ်လို လုပ်ရမလဲ။ ကဲ အောက်က

အပြည့်အစုံဖတ်ရန် မှာ နှိပ်ပြီး အဖြေကို ကြည့်လိုက်နော်။






          စက္ကူပိုက်လုံးလေးကို ဒေါင်လိုက် ကိုင်မချဘဲ ဟောဒီလို အလျားလိုက် ကိုင်ပြီး လွှတ်ချလိုက်ပါ။

တစ်ပတ်လည်ပြီး အလိုလို ထောင်နေတာ တွေ့ရပါမယ်။




        လက်တွေ့ စမ်းကြည့်လိုက်ကြဦးနော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...