Sunday, August 18, 2013

သူရဲကောင်း၊ သူလျှို၊ လူယုတ်မာ ဘယ်သူဖြစ်မလဲ

          အောင်အောင်၊ ဘတင့် နဲ့ ကျော်ကျော် ဆိုတဲ့ လူ ၃ ယောက်ရှိပါတယ်။ သူတို့ထဲက တစ်ဦးဟာ

သူရဲကောင်း၊ တစ်ဦးက လူယုတ်မာ၊ တစ်ဦးက သူလျှိုတစ်ယောက်ဖြစ်ပါတယ်။

     
        (၁) သူရဲကောင်းတို့မည်သည် အမြဲတမ်း အမှန်တရားကိုသာ ပြောဆိုပါတယ်

        (၂) လူယုတ်မာတို့မည်သည် အမြဲတမ်း လိမ်ညာပြောဆိုကြပါတယ်။

        (၃) သူလျှို ဆိုတာမျိုးကတော့ အမှန်လည်းပြောချင်ပြောမယ်၊ လိမ်ညာလည်း ပြောချင်ပြောပါမယ်။

    သူတို့ သုံးဦးဟာ တရားရုံး တစ်ခုမှာ ဘယ်သူက ဘာလည်းဆိုတာ တရားသူကြီးရဲ့ စစ်မေးခြင်းကို

 ခံနေရပါတယ်။ ဒီလို စစ်မေးနေချိန်မှာတော့ သူတို့သုံးဦးအချင်းချင်းကတော့ ဘယ်သူ ဘာလဲဆိုတာ

သိကြပါတယ်။


        အောင်အောင်။     ။  ကျော်ကျော်ဟာ လူယုတ်မာတစ်ယောက်ပါ။

        ဘတင့်။       ။ အောင်အောင်ဟာ သူရဲကောင်းတစ်ယောက်ပါ။

         ကျော်ကျော်။     ။ ကျွန်တော်ဟာ သူလျှိုတစ်ယောက်ပါ။

      ကဲ ဒီတော့ သင်သာ တရားသူကြီးဖြစ်ခဲ့ရင် ဒီနေရာမှာ ဘယ်လို ဆုံးဖြတ်မှာလဲ။ ဘယ်သူက

ဘာဖြစ်မလဲ။

            သူငယ်ချင်းတို့ စဉ်းစားပြီးရင်တော့ အောက်က အပြည့်အစုံဖတ်ရန် ဆိုတာလေး နှိပ်ပြီး

တိုက်ကြည့်လိုက်ပါနော်


                                                 
                                                       
ဒီနေရာမှာ

              ဘတင့်ကို သူရဲကောင်းလို့ စဉ်းစားကြည့်ရအောင်။

          မဖြစ်နိုင်ပါဘူး ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က သူရဲကောင်းဖြစ်ခဲ့ရင် အမှန်ကိုပြောရမယ့်


အတွက်

“အောင်အောင်ဟာ သူရဲကောင်းပါ” လို့ ပြောစရာအကြောင်းမရှိပါ။

    ဒါဆို ဘတင့်ဟာ လူယုတ်မာလား။

             ကောင်းပြီ ဘတင့်က လူယုတ်မာဆိုရင် သူကလိမ်ညာပြောတဲ့အတွက် အောင်အောင်ဟာ 


သူရဲကောင်း မဟုတ်တော့ပါဘူး။ ဒါဆို အောင်အောင်က သူလျှိုဖြစ်ပြီး ကျော်ကျော်က သူရဲကောင်း

 ဖြစ်သွားပါမယ်။ 

      ဒါပေမယ့်ကျော်ကျော်က ကျွန်တော်ဟာ သူလျှိုတစ်ယောက် ဖြစ်ပါတယ်လို့ ဆိုထားတဲ့အတွက်

 ကျော်ကျော်ဟာ သူရဲကောင်း မဖြစ်နိုင်ပြန်ပါဘူး။ သူရဲကောင်းဆိုတာ အမှန်ပဲ ပြောရမယ်လေ။

              ဒါဆို ဘတင့်ဟာ သူလျှိုပဲပေါ့။

    ဟုတ်ပြီ သူလျှိုဆိုတာ အမှားလည်းပြောနိုင်ပါတယ်၊ အမှန်ကိုလည်း ပြောနိုင်ပါတယ်။

ဘတင့်ရဲ့ စကားမှားတယ်ဆိုခဲ့ရင် အောင်အောင်ဟာ လူယုတ်မာဖြစ်ပြီး ကျော်ကျော်က သူရဲကောင်း

ဖြစ်သွားမယ်။ သူရဲကောင်းဟာ အမှန်ကိုပဲ ပြောရမယ်ဖြစ်တဲ့အတွက် ကျော်ကျော်ရဲ့ ကျွန်တော်ဟာ 


သူလျှိုတစ်ယောက်ပါ ဆိုထားတဲ့အတွက် ပေးထားချက်များနဲ့ မကိုက်ညီပြန်ပါဘူး။

              ဘတင့်ရဲ့စကား မှန်တယ်ဆိုရင် အောင်အောင်က သူရဲကောင်းဖြစ်ပြီး ကျော်ကျော်ဟာ

လူယုတ်မာဖြစ်ပါမယ်။ ဒါဆို ပေးထားချက်များနဲ့ ကိုက်ညီပါတယ်။

   

             ဒီတော့ ပေးထားချက်များအားလုံးနဲ့ ကိုညီတဲ့ အဖြေကတော့


              အောင်အောင်ဟာ သူရဲကောင်း ဖြစ်ပါတယ်

             ဘတင့်ကတော့ သူလျှို ဖြစ်ပြီး

              ကျော်ကျော်ကတော့ လူယုတ်မာ ဖြစ်ပါတယ်။



                                                      

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...