အေးမင်း၊ ဘိုဘို၊ ဒိုးလေး နဲ့ ချစ်မောင်တို့ သူငယ်ချင်း ၄ ဦး ဟာ မြစ်တစ်ဘက်ကမ်းကို ဖြတ်ကူးရန်
ရှိပါတယ်။ သူတို့ ဖြစ်ကူးဖို့ရာကလည်း ကနူးလှေငယ်လေး တစ်စင်းမှတပါး အခြား လှေ၊ သင်္ဘော၊ သမ္ဗန်
လုံးဝ မရှိပါ အဲဒီ ကနူးလှေငယ်လေးနဲ့သာ ဖြတ်ကူးရပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်များကတော့ -
အေးမင်းက ပေါင် ၉၀ လေးပါတယ်။ ဘိုဘိုက ပေါင် ၈၀ လေးပါတယ်။ ဒိုးလေးက ပေါင် ၄၀ လေးပြီး
တော့ ချစ်မောင်ကတော့ ပေါင် ၆၀ အလေးချိန်အသီးသီး ရှိကြပါတယ်။
ဒါပေမယ့် ကနူးလှေငယ်လေးဟာ ပေါင် ၁၀၀ အလေးချိန်ကိုပဲ တင်ဆောင်နိုင်ပါတယ်။
မြစ်တစ်ဘက်ကမ်းကို ရောက်ဖို့ သူတို့ဟာ ကနူးလှေငယ်လေးကို အနည်းဆုံး ဘယ်နှစ်ကြိမ် အသုံး
ပြုခဲ့ကြရပါသလဲ။ အသုံးပြု အကြိမ်ရေ သတ်မှတ်ရာမှာ အသွားကိုလည်း တစ်ကြိမ် သတ်မှတ်ပါမယ်၊
အပြန်ကိုလည်း တစ်ကြိမ် သတ်မှတ်ပါမယ်။ လှေကလေးကို အသုံးပြုမှု အကြိမ်ရေ အနည်းဆုံး
ဖြစ်အောင် ကြိုးစားရမှာပါ။
သူငယ်ချင်းတို့ စဉ်းစားပြီးတဲ့ အဖြေကို အပြည့်အစုံဖတ်ရန် မှာ နှိပ်ပြီး တိုက်ကြည့်လိုက်ပါနော်။
ပထမဦးဆုံး
(၁) ပေါင် ၆၀ အလေးချိန်ရှိတဲ့ ချစ်မောင်နဲ့ ပေါင် ၄၀ အလေးချိန်ရှိတဲ့ ဒိုးလေးတို့ နှစ်ယောက်
အရင်ဖြတ်ကူးရပါမယ်။ ပြီးရင် ဒိုးလေး တစ်ယောက်တည်း ဒီဘက်ကမ်းကို ပြန်လာပါမယ်။
အေးမင်း၊ ဘိုဘို ချစ်မောင်၊ ဒိုးလေး (၁) ကြိမ်
အေးမင်း၊ ဘိုဘို၊ ဒိုးလေး ချစ်မောင် (၂) ကြိမ်
(၂) ပြီးရင် ပေါင် ၉၀ အလေးချိန်ရှိတဲ့ အေးမင်း တစ်ယောက်တည်း ဟိုဘက်ကမ်းကို ကူးသွားပါမယ်။
ချစ်မောင်တစ်ယောက်တည်း ဒီဘက်ကမ်းကို ပြန်လာပါမယ်။
ဘိုဘို၊ ဒိုလေး အေးမင်း၊ ချစ်မောင် (၃) ကြိမ်
ဘိုဘို၊ ဒိုလေး၊ ချစ်မောင် အေးမင်း (၄) ကြိမ်
(၃) ပြီးရင် ချစ်မောင်နဲ့ ဒိုးလေး ဒုတိယအကြိမ် ဟိုဘက်ကမ်းကို ပြန်ကူးသွားပါမယ်။
ဒိုးလေးတစ်ယောက်တည်း ပြန်လာပါမယ်။
ဘိုဘို အေးမင်း၊ ချစ်မောင်၊ ဒိုးလေး (၅) ကြိမ်
ဘိုဘို၊ ဒိုးလေး အေးမင်း၊ ချစ်မောင် (၆) ကြိမ်
(၄) ပြီးရင် ပေါင် ၈၀ အလေးချိန်ရှိတဲ့ ဘိုဘိုအလှည့်ပါ။ ဘိုဘိုတစ်ယောက် ဟိုဘက်ကမ်း
ရောက်ရင် ချစ်မောင် ပြန်လာပါမယ်။
ဒိုးလေး ဘိုဘို၊ အေးမင်း၊ ချစ်မောင် (၇) ကြိမ်
ဒိုးလေး၊ ချစ်မောင် ဘိုဘို၊ အေးမင်း (၈) ကြိမ်
(၅) ချစ်မောင် နဲ့ ဒိုးလေး ကူးဖြတ်သွားရုံပါပဲ။ ဒါဆို ဟိုဘက်ကမ်းကို အားလုံးရောက်
သွားကြပြီပေါ့နော်။
------------ ဒိုးလေး၊ ချစ်မောင်၊ အေးမင်း၊ ဘိုဘို (၉) ကြိမ်
ဒါ့ကြောင့် လှေကလေးကို အနည်းဆုံး အကြိမ်ရေ (၉) ကြိမ် အသုံးပြုခဲ့ရပါတယ်။
No comments:
Post a Comment