Tuesday, August 20, 2013

ဂျပန်ခေတ်က မြှုပ်နှံထားသော ရွှေ ၂ တန်ကျော် တွေ့ရှိ



         ဂျပန်ခေတ်က မြှုပ်နှံထားသော အလေးချိန် ၂ တန်ကျော်ရှိ ရွှေတုံးများကို ပဲခူးတိုင်းဒေသကြီး၊

ဇီးကုန်းမြို့နယ်တွင် မြေအောက် အနက် ၆၅ ပေတွင် ရှာဖွေတွေ့ရှိ၍ တူးဖေါ်မှုများ ပြုလုပ်နေကြောင်း

ဘူမိဗေဒပညာရှင် (ငြိမ်း) ဦးစိုးသိန်းက ၂၄ . ၇ . ၂၀၁၃ ရက်တွင် ပြောကြားခဲ့သည်။

      
         “ခန့်မှန်းခြေအရတော့ ၂ တန်ကျော်ပဲရှိမယ်။ မိုးရွာလို့ တူးဖေါ်တဲ့နေရာမှာ ခက်ခဲမှုရှိနေတယ်။

အရင်က မြေတူးဖေါ်တဲ့နေရာမှာ ခက်ခဲမှုရှိနေတယ်။ မြေတူးစက်နဲ့ ထုတ်ဖို့ စီစဉ်ခဲ့တယ်။ အခုတော့

ဆွဲထုတ်တဲ့ နည်းစနစ်နဲ့ပဲ ဆောင်ရွက်သွားမှာပါ” ဟု ပြောခဲ့ပါတယ်။

          ၂ တန်ကျော်ရှိ ရွှေတုံးများ ရှာဖွေတွေ့ရှိခဲ့ခြင်းမှာလည်း ယင်းနေရာတွင် ရေကန်တူးဖေါ်ရာမှ

ကျွန်းတုံးများတွေ့ရှိခြင်းကိုပါ စစ်ဆေးကြည့်ရာ ဂျပန်ခေတ်မှ မြှုပ်ထားသော ကျွန်းတုံးများဖြစ်၍ စက်ဖြင့်

တူးဖေါ်ကြည့်ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

          “တွေ့တော့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီ ခွင့်တောင်းတာ ခွင့်ပြုချက် ရရှိခဲ့တယ်။ ရွှေတုံးတွေ

ဖြစ်တော့ နိုင်ငံတော်က ပိုင်တယ်။ အခု ပြည်ထောင်စု အစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေပါ

တယ်” ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

              လက်ရှိတွင် ရွှေတုံးများ တွေ့ရှိရာနေရာတွင် လုံခြုံရေး အပြည့်အ၀ယူ၍ တူးဖေါ်ဆောင်ရွက်

လျှက်ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့မှာ ဂျပန်ခေတ်က မြှုပ်နှံထားသော ရွှေ တတိ

ယ အများဆုံးနေရာဖြစ်ပြီး၊ ဒုတိယအများဆုံးမှာ ဖြူးမြို့နယ်ဖြစ်သည်။ ပထမ အများဆုံးနေရာမှာ မွန်ပြည်

နယ် ဘုရားသုံးဆူနှင့် သေမင်းတမန်လမ်း တို့ဖြစ်ကြောင်း သိရသည်။



Ref: ပြည်မြန်မာ ဂျာနယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...