Tuesday, August 20, 2013
အာဒမ်နှင့် ဧ၀သည် အာဖရိက၌ ရှင်သန်နေထိုင်ခဲ့ပုံရကြောင်း သိပ္ပံပညာရှင်များ ခန့်မှန်းတွေ့ရှိ
ကမ္ဘာဦးလူသားများအဖြစ် သတ်မှတ်ခြင်းခံထားရသော အာဒမ်နှင့် ဧ၀တို့သည် အာဖရိက၌
ရှင်သန်နေထိုင်ခဲ့ပုံရကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ စတန်းဖို့ဒ်တက္ကသိုလ်
သိပ္ပံပညာရှင်များ၏ စူးစမ်းလေ့လာမှုများအရ တွေ့ရှိခဲ့သည်။ သိပ္ပံပညာရှင်များသည် အာဒမ်၏
ပိုင်ခရိုမိုဆိုမယ်လ် ဆဲလ်နှင့် ဧ၀၏ မီတိုခရုန်ဒရယ်ဆဲလ် အမျိုးအစားပါဝင်သော လူများကို လိုက်လံ
ရှာဖွေပြီး စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ အာဒမ်နှင့်ဧ၀တို့သည် မူလက မျှော်မှန်းထားသည်ထက်
ပိုမိုရှေးကျသော ကာလ၌ အသက်ရှင်နေထိုင်ခဲ့သည်ဟု သတ်မှတ်ကြသည်။ အာဒမ်၏ ဆဲလ်အမျိုး
အစားသည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၆၀၀၀ နှင့်အထက် ကာလ၌ အသက်ရှင် နေထိုင်ခဲ့သော
ရှေးခေတ်လူသားများ၏ ခန္ဓာကိုယ်တွင်း တွေ့ရှိရနိုင်ပြီး ဧ၀၏ ဆဲလ်အမျိုးအစားကို လွန်ခဲ့သည့်
နှစ်ပေါင်း ၁၄၈၀၀၀ ၀န်းကျင်၌ အသက်ရှင်နေထိုင်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသည်။
သို့ရာတွင်သိပ္ပံပညာရှင်များသည် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာသော လူသားဆဲလ်
ပုံစံသစ်များနှင့် ပတ်သက်၍ စူးစမ်းရှာဖွေမှုများ ဆက်လက် ပြုလုပ်လျှက်ရှိကြောင်း စတန်းဖို့ဒ် တက္ကသိုလ်
မှ မျိုးရိုးဗီဇဆိုင်ရာ စူးစမ်းလေ့လာရေး ပါမောက္ခ ကားလို့စ်ဘူစတာဖတန်တီက ပြောကြားသွားခဲ့သည်။
(DM, 1.8.13) ကိုစိုး
Ref: ပြည်မြန်မာဂျာနယ် ( ၈ . ၈. ၂၀၁၃ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment