မမြနဲ့ မလှ ညီအမ နှစ်ယောက်ရှိပါတယ်။
မမြ၏ အသက် နှစ်ထပ်နှင့် မလှ၏အသက် ပေါင်းခြင်းသည် ၆၂ ဖြစ်သည်။
မလှ၏ အသက် နှစ်ထပ်နှင့် မမြ၏အသက် ပေါင်းခြင်းသည် ၁၇၆ ဖြစ်သော်
(၁) သူတို့နှစ်ယောက်အနက် ဘယ်သူက အကြီးဖြစ်ပါသလဲ။
(၂) မမြ နှင့် မလှ ၏ အသက်တို့ကို ရှာပေးပါ။
မေးခွန်းလေးက တိုပေမယ့် သေသေချာချာ စဉ်းစားမှ အဖြေရနိုင်မယ့် ပုစ္ဆာလေးပါ။ အဖြေရရင်
အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်လိုက်ပါနော်
မေးခွန်းလေးက တိုပေမယ့် သိပ်ကောင်းတဲ့၊ ဖြေဖို့ခက်တဲ့ မေးခွန်းကောင်းလေးတစ်ခုပါ။
ကောင်းပြီ တွက်ကြည့်ရအောင်......
မမြရဲ့ အသက်ကို က လို့ထားလိုက်မယ်။
မလှရဲ့ အသက်ကို ခ လို့ ထားလိုက်ပါမယ်။
ဒါဆိုရင် ပေးထားချက်တွေအရ ဒီလို ညီမျှခြင်း ရေးလို့ရတာပေါ့။
( က x က ) + ခ = ၆၂ ............ (ညီမျှခြင်း - ၁)
က + ( ခ x ခ ) = ၁၇၆ ............. (ညီမျှခြင်း - ၂)
ညီမျှခြင်း (၁) နဲ့ (၂) ကိုကြည့်ရင် မမြရဲ့အသက် (က) နှစ်ခါမြှောက်ပြီး မလှရဲ့အသက် (ခ) နဲ့
ပေါင်းတာ ၆၂ ရပါတယ်။ မလှရဲ့ အသက် (ခ) ကို နှစ်ခါမြှောက်ပြီး မမြရဲ့ အသက် (က) နဲ့ပေါင်းတာ
၁၇၆ ရတယ်ဆိုတော့ မမြရဲ့ အသက်ဟာ မလှရဲ့ အသက်ထက် ငယ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။
ဒီတော့ ပုစ္ဆာ (၁) ရဲ့အဖြေအတွက် မလှက အကြီးပေါ့။
ညီမျှခြင်း (၁) ကိုကြည့်ရင် မမြရဲ့ အသက်ဟာ ၇ နှစ်ထက် ကြီးလို့ မရပါဘူး။ ဆိုပါတော့
မမြရဲ့ အသက်ဟာ ၈ နှစ်ဖြစ်သွားရင် ၈ x ၈ = ၆၄ ဆိုတော့ ညီမျှခြင်းကို မပြေလည်နိုင်တော့တဲ့အတွက်
မမြရဲ့ အသက်ဟာ ၇ နှစ် သို့မဟုတ် ၇ နှစ်အောက်မှာပဲ ရှိနိုင်ပါမယ်။
အဲဒီတော့ အရင်ဆုံး မမြရဲ့ အသက်ကို ၁ နှစ်လို့ ယူဆပြီး ညီမျှခြင်း ၁ မှာ အစားထိုးလိုက်ရင်
မလှ အသက်က ၆၁ နှစ်ဖြစ်သွားမယ်။ ဒါပေမယ့် အဲဒီ မလှရဲ့ အသက် ၆၁ နှစ်ဆိုတာက ညီမျှခြင်း (၂)
ကိုကျတော့ မပြေလည်နိုင်တော့ပြန်ပါဘူး။
ညီမျှခြင်း (၂) ကို ပြေလည်ဖို့ဆိုရင် မမြရဲ့ အသက်ဟာ ၁ ထက် များစွာကြီးရပါမယ်။ ဒါပေမယ့်
၇ ထက်လည်း မကြီးရပါဘူး။
ဒီလိုဆို မမြအသက်ကို ၅ နှစ်လို့ ယူဆကြည့်ရအောင်......
ညီမျှခြင်း (၁) မှာ အစားသွင်း တွက်ကြည့်ရင်
ခ = ၆၂ - ၂၅ = ၃၇ နှစ် ဒါလည်း ညီမျှခြင်း (၂) ကို မပြေလည်နိုင်သေးပါ။
နောက်ဆုံး မမြအသက်ကို ၇ နှစ်လို့ ယူဆကြည့်ရင်
ခ = ၆၂ - ၄၉ = ၁၃ နှစ် (မလှအသက်)
အဲဒီ ခ = ၁၃ ကို ညီမျှခြင်း ၂ မှာ အစားထိုးကြည့်လိုက်ရင်
၇ + (၁၃ x ၁၃) = ၁၇၆ ဆိုပြီး ညီမျှခြင်း (၂) ကို ပြေလည်သွားစေပါတယ်။
ဒါ့ကြောင့် မမြရဲ့ အသက် = ၇ နှစ်
မလှရဲ့ အသက် = ၁၃ နှစ် ဖြစ်ပါတယ်။
No comments:
Post a Comment