Sunday, August 11, 2013

အစီအစဉ် ထားပေးပါ

        မောင်မောင်၊ လှထွန်း၊ ၀င်းအောင်၊ ကျော်ကျော် နှင့် မျိုးတင့် တို့ သူငယ်ချင်း ၅ ယောက်ဟာ

တောထဲကို ဇီးသီး သွားဆွတ်ကြတယ်။ ပြန်လာတော့ သူတို့ ဆွတ်ခူးလာတဲ့ ဇီးသီးတွေကို ရေတွက်ကြည့်

ရာမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။

    (၁) မောင်မောင် သည် လှထွန်းထက် ၂ ဆ များပါတယ်။

    (၂) မောင်မောင်သည် ၀င်းအောင်ထက် ၄ ဆ များပါတယ်။

    (၃) ၀င်းအောင်သည် မျိုးတင့်ရဲ့ တစ်ဝက်ပဲ ရပါတယ်။

    (၄) မျိုးတင့်သည် ကျော်ကျော်ရဲ့ တစ်ဝက်ပဲ ရပါတယ်။

    (၅) ကျော်ကျော်သည် မောင်မောင်ထက် နည်း၍ ၀င်းအောင်ထက် များပါတယ်။

     အဲဒီတော့

   (၁) သူတို့ ရလာတဲ့ ဇီးသီး အရေအတွက်အလိုက် များရာမှ နည်းရာသို့ စီစဉ်ပေးရမှာပါ။

   (၂) အထက်ဖေါ်ပြပါ အချက် ၅ ချက်အနက် မည်သည့်အချက်ကို မဖေါ်ပြရင်လည်း။
              
        များရာမှ နည်းရာသို့ စီနိုင်ပါသလဲ။


          အဖြေကို သိချင်ရင် အောက်က အပြည့်အစုံဖတ်ရန် ဆိုတာလေး နှိပ်လိုက်ပါနော်။


                                                  


အဖြေ 

       ၁။               မောင်မောင် > လှထွန်း > ကျော်ကျော် > မျိုးတင့် > ၀င်းအောင်

       ၂။      အထက်ဖေါ်ပြချက် ၅ ချက်ထဲက နံပတ် (၅) အချက်ကို မဖေါ်ပြရင်လည်း ဒီလို စီနိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...