Saturday, August 10, 2013

ရွရွလေး အပြေးကောင်းလို့ ရင်သားပုံပျက်မယ့်အရေး သတိထားသင့်ပြီ


            ဗြိတိန်နိုင်ငံက အရေအတွက်အားဖြင့် အမျိုးသမီး ၉.၅ သန်းခန့်က ပုံကျပန်းကျ ဘရာစီယာ

မ၀တ်ဆင်ဘဲ အကာအကွယ်မဲ့ ကိုယ်လက်  လှုပ်ရှား အားကစားတွေ လုပ်ကြလို့ ပြုပြင်မရတဲ့


ရင်သားအလှ ပျက်စီးမှုတွေ တွေ့ကြုံနေရပြီလို့ ဆိုပါတယ်။ Postmout တက္ကသိုလ် သုတေသီ

 အဖွဲ့တစ်ခုက ထုတ်ပြန် သတိပေးလိုက်တာပါ။
 
         မိန်းမသားတွေရဲ့ ရင်သားလှုပ်ရှားမှုဟာ အင်္ဂလိပ်ဂဏန်း အက္ခ၇ာ 8 ရဲ့ သုံးဖက်ကိုင်းပုံစံအတိုင်း

လှုပ်ယမ်းလေ့ရှိပြီး ဘရာစီယာလို အထိန်းအကွပ် မတပ်ဆင်ဘဲ လှုပ်ရှားမှု များလာပါက နုနယ်တဲ့

 တစ်သျှူးမျှင်တွေနဲ့ ကြွက်သားအရွတ်တွေ ဒဏ်သင့် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှု

တစ်ခုရဲ့ တွေ့ရှိချက်အရ အကာအကွယ် မ၀တ်ဆင်ထားပဲ မိန်းမတစ်ယောက်ဟာ တစ်မိုင်အကွာအဝေးကို

 ပြေးတိုင်း ရင်သားရဲ့  ဝှေ့ယမ်းခါတဲ့ ခရီးအကွာအဝေးကို ပေါင်းစုကြည့်ရင် ၁၃၅ မီတာခရီးပေါက်နိုင်တယ်

လို့ ဆိုတယ်။

     မိန်းမသားတစ်ဦးရဲ့ ရင်သားဟာ ပုံမှန်အားဖြင့် ၂၀၀ မှ ၃၀၀ ဂရမ်အကြား အလေးချိန်စီးပြီး များများ

လှုပ်ယမ်းပါက နုနယ်စွာ ထောက်ကန် ပင့်မ ထားတဲ့ အပေါ်ယံအရေပြားနဲ့ Copper's Liyaments

လို့ခေါ်တဲ့ တွယ်ဆက်တစ်သျှူး အရွတ်ကလေးတွေအပေါ် များစွာ ဒဏ်သင့်တယ်လို့ဆိုတယ်။
 
       ရင်သား ခါယမ်းတာများရင် အချိန်အတိုင်းအတာ တစ်ခုအထိ ခဏနာကျင်နေပြီး မအီမသာလည်း

ခံစားရပါတယ်။ Copper's Ligaments တွယ်ဆက်တစ်သျှူး အရွတ်တွေ ရှည်လျား ဆန့်ထွက်လာပြီ

ဆိုရင်တော့ ပြန်မကျုံ့တော့ပါဘူး ရာသက်ပန်ပါပဲတဲ့။

     လေ့လာချက်အရ T-shirt ဘရာစီယာ ရိုးရိုး ၀တ်ဆင်ထားရင် ရင်သားခါယမ်းမှုကို ၃၈ ရာခိုင်နှုန်း

 လျှော့ချနိုင်ပြီ။ သုတေသန အဖွဲ့က ပုံစံထုတ်ထားတဲ့ Shock-Absorbor ပါတဲ့ အထူးဘရာစီယာကတော့

ရင်သား လှုပ်ရှားခါယမ်းမှု ၇၈ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုတယ်။
  
    အမျိုးသမီးတွေ ပြေးလွှားလှုပ်ရှား အားကစား လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ မိမိရင်သားအပေါ် ဒီလို

ပုံပျက်ပန်းပျက် ဆိုးကျိုးတွေ ဖြစ်ပေါ်လောက်တယ်ဆိုတာ သတိထားကြဖို့ကောင်းပြီလို့ ဆော်သြ

လိုက်တယ်။  ပြေးလွှားတဲ့အခါ ဖိနပ်ကောင်းကောင်း စီးဖို့လည်း အရေးကြီးပါတယ်။ အဲဒါမှ ဆောင့်ခါမှု

ဒဏ်ကို ရင်သားဆီ မရောက်ခင် ဖနောင့်မှာပဲအထိုက်အလျောက် ဖြေလျော့ပေးလိုက်သလို ဖြစ်သွားမှာ

မို့ပါ။


    

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...