Sunday, August 18, 2013

ဘီယာဘူးခွံများနဲ့ ဆောက်ထားတဲ့အိမ်



     အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟော်စတွန်ဒေသတွင် ဘီယာဘူးခွံများဖြင့် တည်ဆောက်

ထားသော နေအိမ်သည် ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်လျက် ရှိသည်။ ထိုနေအိမ်ကို


ဂျွန်မစ်ခ်ကိုမစ်ခ်ျက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေအိမ်ကို စကျင်ကျောက်များ၊သစ်မာများဖြင့်

အကြမ်းထည် တည်ဆောက်ခဲ့ပြီးနောက် ကျန်အစိတ်အပိုင်းများကို အလူမီနီယံဘီယာဘူးခွံ

ငါးသောင်းခန့်အား ဖြတ်တောက်ကာ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တည်ဆောက်

ခဲ့ပြီးနောက် အကျိုးအမြတ်ကို မမျှော်ကိုးသော ဒေသတွင်း အဖွဲ့အစည်း တစ်ခုက ၀ယ်ယူခဲ့ပြီးနောက်

အမှတ်တရ အဖြစ် ပြသထားခဲ့သည်။သို့ရာတွင် လေပြင်းများ တိုက်ခိုက်ချိန်များ အတွင်း ထိုအလူမီနီယံ

ဘီယာဘူးခွံ အစိတ်အပိုင်းများ လှုပ်ရမ်းမှုကြောင့် မီးဘေးအန္တရာယ် ပေါ်ပေါက်လာနိုင်သဖြင့် ဒေသခံ

လျှပ်စစ်ဓာတ်အားပေးဌာန၏ လျှပ်စစ်မီးဖြတ် တောက်ခြင်းခံခဲ့ရသည်။ ဂျွန်မစ်ခ်ကိုမစ်ခ်ျသည်

ထိုနေအိမ်ကို တည်ဆောက်စဉ်က ဘီယာဘူးခွံ အမြောက်အမြား ရရှိရန်အတွက် တက္ကဆက်ပြည်နယ်တွင်

လိုက်လံ စုဆောင်းခဲ့ရာ မလုံလောက်သဖြင့် ကယ်လီဖိုးနီးယားပြည်နယ် အထိပါ လိုက်လံ ရှာဖွေခဲ့ရသည်။

           ယခုအခါ ထိုဘီယာဘူးခွံ နေအိမ်သည် ထိုဒေသသို့ လာရောက်လည်ပတ်သော ခရီးသွား

ဧည့်သည်များကို အဓိက ဆွဲဆောင်ပေးသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။


ref: ပြည်မြန်မာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...