Monday, August 19, 2013
ရောင်စုံဘောလုံး ၆ လုံး
အထက်ဖေါ်ပြပါ ရောင်စုံ ဘောလုံး ၆ လုံးမှာ အနီ ၂ လုံး၊ အ၀ါ ၂ လုံး နဲ့ အပြာ ၂ လုံးပါရှိပါတယ်။
ဒီရောင်စုံ ဘောလုံးများကို နေရာစီပေးရမှာပါ။ ဒီလိုပုံစံဖြစ်အောင်ပေါ့။
(၁) ဘောလုံး တစ်လုံးဟာ အရောင်မတူတဲ့ ကျန်တဲ့ ဘောလုံး ၄ လုံးနဲ့ ထိစပ်နေရပါမယ်။
(၂) အရောင်တူ ဘောလုံးအချင်းချင်း မထိရပါဘူး။
ဆိုလိုတာက ဥပမာ အ၀ါရောင် ဘောလုံးသည် ကျန်တဲ့ အနီ ၂ လုံး၊ အပြာ ၂ လုံးနဲ့ ထိစပ်
နေရပါမယ်။ ဒါပေမယ့် အ၀ါရောင်ဘောလုံးအချင်းချင်း မထိရပါဘူး။ ကျန်တဲ့ အနီ၊ အပြာ ဘောလုံး
များလည်း ဒီအတိုင်း ဖြစ်ရပါမယ်။
စဉ်းစားပြီးရင် အပြည့်အစုံဖတ်ရန် မှာနှိပ်ပြီး ကြည့်လိုက်ကြပါနော်
ဒီပုံလေးအတိုင်း စီလိုက်ရင် အဖြေရပြီပေါ့နော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment