သင်္ချာဉာဏ်စမ်းတွေချည်း ဖြေနေရတဲ့ သူငယ်ချင်းများအတွက် ဒီတစ်ခါတော့ အပြောင်း
အလဲလေးဖြစ်သွားအောင် ဗဟုသုတ ဆိုင်ရာ ဉာဏ်စမ်းလေးကို တင်ဆက်လိုက်ပါတယ်။
လူတိုင်း လူတိုင်း လက်ရှိ အမည်အပြင် ဇာတာအမည်၊ အိမ်အမည်၊ ကျောင်းအမည်
ငယ်နာမည်၊ နာမည်ပြောင် စသည်ဖြင့် နာမည်တွေ အမျိုးမျိုး ရှိနေတတ်ပါတယ်။ နာမည်
တစ်မျိုးတည်း ရှိတဲ့သူဆိုတာမရှိသလောက် ရှားပါတယ်။ စာပေ ပညာရှင်တွေမှာတော့ လက်ရှိ
နာမည်အပြင် “ကလောင်အမည်” ဆိုတာ လည်း ရှိပါသေးတယ်။
လွန်ခဲ့တဲ့ အနှစ် (၉၀) လောက်ကတည်းက စာပေပညာရှင်တွော ကလောင်အမည်ကို
စတင်သုံးစွဲလာကြတာ တွေ့ကြရပါတယ်။ အဲဒီ တုန်းကတော့ “မျက်နှာဖုံး စာရေးဆရာများ”
လို့ခေါ်ခဲ့ကြပါတယ်။
ဆရာကြီး ပီမိုးနင်းက “မျက်နှာဖုံး အယ်ဒီတာကြီးများ” ဆိုတဲ့ ခေါင်းစီးဖြင့် မျက်နှာဖုံး
စာရေးဆရာများကိုမနှစ်မြို့ကြောင်း ၁၉၂၅ ခု၊ ဇူလိုင်လ ၂၅ ရက် ရက်စွဲပါ “ဇေယျ”သတင်းစာ
အထူးထုတ်မှာ ရေးသားခဲ့ပါတယ်။“မျက်နှာဖုံးတပ်၍ တိုက်ခိုက် လုယက်တတ်သော ဓါးပြများ
သည်အမှန်ပင် ကြောက်စရာကောင်း၏။ မျက်နှာဖုံးဖြင့် လာသော ကလောင်ဆရာတို့သည်ကား
သာ၍ပင်ကြောက်မက်ဖွယ် ကောင်း၏” လို့ ပယ်ပယ်နယ်နယ် မထောက်မညှာ တင်ပြထား
ပါတယ်။ ဒါကို “သီလ၀င်” ဆိုတဲ့ စာရေးဆရာတစ်ယောက်က ပြန်လည်ချေပရာမှ“မျက်နှာဖုံး
စာရေးဆရာများ တိုက်ပွဲ” စတင် ဖြစ်ပွားခဲ့ပါတယ်။
ရင်းနှီးသူတွေက ပီမိုးနင်းရဲ့ အမည်ရင်းဟာ “ဦးကျော်” ဆိုတာ သိထားကြလို့ ပီမိုးနင်း
ဟာလည်း မျက်နှာဖုံးဖြစ်ကြောင်း စွပ်စွဲကြတယ်။ ငယ်နာမည် မောင်ကျော်၊ ကျောင်းနာမည်
ပီမိုးနင်း ဖြစ်လို့ နာမည်ရင်းနဲ့သာ ရေးကြောင်း၊ ဒါပေမယ့် မျက်နှာဖုံးနဲ့လည်း ရေးဖူးကြောင်း၊
မကောင်းမှန်းသိလို့ စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။ဒါပေမယ့် ပီမိုးနင်းရဲ့
အယူအဆဟာ အရေးနိမ့်ခဲ့ပါတယ်။
နောက်တော့ ဂန္ဓလောက၊ သိပ္ပံကျောင်းတိုက် မဂ္ဂ္ဂဇင်းတွေမှာ နည်မည် လှလှလေးတွေနဲ့
စာရေးသူတွေ အများအပြားပေါ်လာလို့ စာဖတ်သူတွေ အထူးစိတ်ဝင်စားလာကြပါတယ်။ ၁၉၃၄
ခုနှစ်မှာဦးဖေမောင်တင်က “ခေတ်စမ်း ပုံပြင်များ” ဆိုတဲ့ စာအုပ်မှာ အဲဒီ အမည်လှလှလေးတွေ
နဲ့အမည်ရင်းများကိုပူးတွဲ ဖေါ်ပြလိုက်တဲ့အခါ စာဖတ်ရတာ အရသာပျက်သွားတယ်လို့ ပြောသူ
တွေတောင် ရှိလာကြပါတယ်။ဆိုလိုတာက ဒါဟာ အမည်ဝှက်နဲ့ ရေးတာကိုပဲ ပိုနှစ်သက်ကြတယ်
ဆိုတဲ့ သဘောပါပဲ။နောက်တော့“မျက်နှာဖုံး စာရေးဆရာများ”လို့မခေါ်ကြတော့ပဲ “ကလောင်ရှင်”
လို့ ပြောင်းလဲခေါ်လာကြပါတော့တယ်။
ယခုခေတ်မှာတော့ အမည်ရင်းနဲ့ ရေးသားသူ မရှိသလောက် ရှားပါးနေပါပြီ။ ကလောင်
အမည်ယူရာမှာလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ်ယူနေကြတာပါပဲ။ မောင်ကြည်ရှင်က လယ်တီပဏ္ဍိတ
ဦးမောင်ကြီးမှ “မောင်”၊ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေးမှ “ကြည်”၊ အဆိုတော်
ဒေါ်မေရှင်မှ “ရှင်”တို့ကို ယူပြီး “မောင်ကြည်ရှင်” လို့ သူ့ရဲ့ကလောင်အမည်ကို ပေးခဲ့ပါတယ်။
ဒီလိုပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် ယူနေကြတော့ တစ်ခါတစ်လေမှာ စိတ်ကူးအယူအဆခြင်း
မတူသော်ငြားလည်းယူလိုက်တဲ့ ကလောင်အမည်တွေဟာ တူနေတတ်ကြတဲ့အတွက် ဖြေရှင်းဖို့
ခက်ခဲတဲ့ ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
၁၉၅၆ ခုနှစ်မှာ ဒီကလောင်အမည်တူတဲ့ ပြဿနာ ဖြေရှင်းရေးအတွက် မူသုံးမူ တင်ပြလာ
ကြပါတယ်။ ပြည့်စုံမူ၊ မောင်သင်းကြည်မူ နဲ့ ဓနုဖြူ ကျော်ထွန်း မူတို့ပဲ ဖြစ်ပါတယ်။
ပြည့်စုံမူကတော့ ကလောင်အမည်များကို မှတ်ပုံတင်ရေး၊ မောင်သင်းကြည်မူကတော့
စာပေစိတ်ဖြင့်သဘောထားကြီးစွာ ညှိနှိုင်းဖြေရှင်းရေး နဲ့ ဓနုဖြူကျော်ထွန်းမူကတော့
အမည်ရဲ့ရှေ့မှာ မွေးဇာတိမြေတပ်ရေးတို့ပါပဲ။ သုံးမူစလုံးမှာ ကောင်းကွက်တွေ ရှိသလို
ဟာကွက်တွေလည်း ရှိနေပါတယ်။
ယနေ့အထိတော့ ကလောင်အမည်တူ ပြဿနာကို မဖြေရှင်းနိုင်ကြသေးပါဘူး။
မဖြေရှင်းနိုင်သေးတဲ့ အပြင် စာရေးဆရာများရဲ့ ကလောင်အမည်များဟာ အဆိုတော်၊
ကာတွန်းဆရာ၊သီချင်းရေးဆရာများရဲ့ အမည်များနဲ့ပါ လာတူနေတတ်တဲ့အတွက်
ပိုမိုခက်ခဲ့တဲ့ ပြဿနာ တစ်ရပ် ဖြစ်ပေါ်လို့ နေပြန်ပါတော့တယ်။ ဥပမာ.....
စာရေးဆရာ သုခ၊ အဆိုတော် သုခ။ စာရေးဆရာ ခင်မောင်တိုး၊ အဆိုတော် ခင်မောင်တိုး
စသည်ဖြင့်ပေါ့....။
ကဲ ဒါလေးကတော့ ကလောင်အမည် ပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းလေးကို
ဗဟုသုတအနေနဲ့ တင်ပြတာပါ။ ပဟေဠိလေး စလိုက်ရအောင် ............
အောက်မှာ ပေးထားတဲ့ နာမည်ကြီး စာရေးဆရာကြီး (၆၅) ယောက်ရဲ့ အမည်ရင်းများကို
ဖေါ်ပြပေးရမှာ ဖြစ်ပါတယ်။အားလုံးမသိတောင် သိသလောက်တော့ ကျိုးစားဖြေကြည့်ပေးစေ
ချင်ပါတယ်။
ဉာဏ်စမ်း သက်သက်မေးခြင်းဖြစ်လို့ လွပ်လပ်စွာ သိသလောက် ဖြေဆိုနိုင်ကြပါတယ်။
ခုပေးထားတဲ့ (၆၅) ယောက်လုံးမှာနာမည်ရင်း တစ်ယောက်မှ မပါတဲ့ ကလောင်အမည်များသာဖြစ်ကြ
ပါတယ်။
ကျိုးစားကြည့်ကြပါဦး....။
၁။ ခင်နှင်းယု
၂။ ခင်မာလာကြာဖြူ
၃။ ဂျာနယ်ကျော် မမလေး
၎။ ဂျူး
၅။ ငွေတာရီ
၆။ ငွေဥဒေါင်း
၇။ စောမုံညင်း
၈။ ဆင်ဖြူကျွန်း အောင်သိန်း
၉။ ဆွေမင်း (ဓနုဖြူ)
၁၀။ ဇ၀န
၁၁။ ဇော်ဂျီ
၁၂။ ဇော်ဟိန်း
၁၃။ တောသားကြီး လူနိုင်
၁၄။ တက္ကသိုလ် ကြူကြူသင်း
၁၅။ တက္ကသိုလ် နန္ဒမိတ်
၁၆။ တက္ကသိုလ် ဘုန်းနိုင်
၁၇။ တက္ကသိုလ် နေ၀င်း
၁၈။ တက္ကသိုလ် မင်းမော်
၁၉။ တက်တိုး
၂၀။ တင့်တယ်
၂၁။ ထီလာစစ်သူ
၂၂။ ဒဂုန် ခင်ခင်လေး
၂၃။ ဒဂုန် တာရာ
၂၄။ ဒဂုန် နတ်ရှင်
၂၅။ ဒဂုန် ရွှေများ
၂၆။ ဓူဝံ
၂၇။ နတ်နွယ်
၂၈။ နောင်
၂၉။ နွယ်စိုး
၃၀။ ပါရဂူ
၃၁။ ပျဉ်းမနား မောင်နီသင်း
၃၂။ ဖိုးကျော့
၃၃။ ဗန္ဓရ၀င်း
၃၄။ ဗိုလ်သခင်ဆရာ
၃၅။ မဟာဆွေ
၃၆။ မာဂဓိ သာစည်
၃၇။ မင်းကျော်
၃၈။ မင်းယုဝေ
၃၉။ မင်းလှညွန့်ကြူး
၄၀။ မင်းသုဝဏ်
၄၁။ မိုးဝေ
၄၂။ မောင်ကြည်ရှင်
၄၃။ မောင်စူးစမ်း
၄၄။ မောင်ဆုရှင်
၄၅။ မောင်ထင်
၄၆။ မောင်သင်းခိုင်
၄၇။ မြကေတု
၄၈။ မြမျိုးလွင်
၄၉။ မြတ်ထန်
၅၀။ မှူးသမိန်
၅၁။ ရွှေညာမောင်
၅၂။ ရွှေတိုင်ညွန်
၅၃။ ရွှေပြည်အေး
၅၄။ ရွှေဝယ်ဧ
၅၅။ ရွှေဥဒေါင်း
၅၆။ လှသမိန်
၅၇။ လင်းယုန်နီ
၅၈။ သခင်ကိုယ်တော်မှိုင်း
၅၉။ သာဓု
၆၀။ သော်တာဆွေ
၆၁။ သင်္ခါ
၆၂။ သိပ္ပံမောင်ဝ
၆၃။ ဟိန်းလတ်
၆၄။ အေ၀မ်း ဆရာညှာ
၆၅။ အောင်လင်း
ကဲ သူငယ်ချင်းတို့ သိသလောက် ကျိုးစားကြည့်ကြပါနော်........
ပြီးရင် သူငယ်ချင်းတို့ရဲ့ အဖြေများကို အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး တိုက်ကြည့်လိုက်ပါနော်။
၁။ ခင်နှင်းယု = ဒေါ်ခင်စု
၂။ ခင်မာလာကြာဖြူ = ဒေါ်တင်တင်ဝင်း
၃။ ဂျာနယ်ကျော် မမလေး = ဒေါ်တင်လှိုင်
၎။ ဂျူး = ဒေါ်တင်တင်ဝင်း
၅။ ငွေတာရီ = ဒေါ်ခင်ရီ
၆။ ငွေဥဒေါင်း = ဦးကြီးမောင်
၇။ စောမုံညင်း = ဒေါ်ရင်ရင်
၈။ ဆင်ဖြူကျွန်း အောင်သိန်း = ဦးကြည်အေး
၉။ ဆွေမင်း (ဓနုဖြူ) = ဦးခင်မောင်မြင့်
၁၀။ ဇ၀န = ဦးသိန်း
၁၁။ ဇော်ဂျီ = ဦးသိန်းဟန်
၁၂။ ဇော်ဟိန်း = ဦးကျော် (ရှုမ၀)
၁၃။ တောသားကြီး လူနိုင် = ဦးချစ်လွင်
၁၄။ တက္ကသိုလ် ကြူကြူသင်း = ဒေါ်ခင်သန်းဝင်း
၁၅။ တက္ကသိုလ် နန္ဒမိတ် = ဦးတင်အောင်
၁၆။ တက္ကသိုလ် ဘုန်းနိုင် = ဦးခင်မောင်တင့်
၁၇။ တက္ကသိုလ် နေ၀င်း = ဦးထွန်းလှ
၁၈။ တက္ကသိုလ် မင်းမော် = ဦးထွန်းမြင့်
၁၉။ တက်တိုး = ဦးအုန်းဖေ
၂၀။ တင့်တယ် = ဦးဝင်းစိန်
၂၁။ ထီလာစစ်သူ = ဦးစိုးညွန့်
၂၂။ ဒဂုန် ခင်ခင်လေး = ဒေါ်ခင်လေးလတ်
၂၃။ ဒဂုန် တာရာ = ဦးဌေးမြိုင်
၂၄။ ဒဂုန် နတ်ရှင် = ဦးမောင်မောင်ကြီး
၂၅။ ဒဂုန် ရွှေများ = ဦးတင်
၂၆။ ဓူဝံ = ဦးသန်းတင်
၂၇။ နတ်နွယ် = ဦးလှမြင့်
၂၈။ နောင် = ဦးမောင်မောင်လတ်
၂၉။ နွယ်စိုး = ဦးမျိုးမင်း
၃၀။ ပါရဂူ = ဦးလှကြိုင်
၃၁။ ပျဉ်းမနား မောင်နီသင်း = ဦးတင်ဝင်း
၃၂။ ဖိုးကျော့ = ဦးမြင့်လွင်
၃၃။ ဗန္ဓရ၀င်း = ဦးဝင်းဖေ
၃၄။ ဗိုလ်သခင်ဆရာ = ဦးတင်ဦး (သခင်)
၃၅။ မဟာဆွေ = ဦးဘဆွေ
၃၆။ မာဂဓိ သာစည် = ဦးပညာသာမိ (ဆရာတော်)
၃၇။ မင်းကျော် = ဦးကျော်ဆွေ
၃၈။ မင်းယုဝေ = ဦးဝင်းမောင်
၃၉။ မင်းလှညွန့်ကြူး = ဦးမောင်မောင်ညွန့်
၄၀။ မင်းသုဝဏ် = ဦးဝန်
၄၁။ မိုးဝေ = ဦးခင်မောင်ကြီး
၄၂။ မောင်ကြည်ရှင် = ဦးချင်းစိန် (ဘုတလင်)
၄၃။ မောင်စူးစမ်း = ဦးချမ်းအေး (ရဲဘော်)
၄၄။ မောင်ဆုရှင် = ဦးမျိုးသန့်
၄၅။ မောင်ထင် = ဦးထင်ဖတ်
၄၆။ မောင်သင်းခိုင် = ဦးမြင့်ဦး
၄၇။ မြကေတု = ဦးချမ်းမြ
၄၈။ မြမျိုးလွင် = ဦးဘလွင်
၄၉။ မြတ်ထန် = ဦးတင်မောင်
၅၀။ မှူးသမိန် = ဦးစောမြင့်
၅၁။ ရွှေညာမောင် = ဦးချင်းစိန်
၅၂။ ရွှေတိုင်ညွန့်  = ဦးအုန်းဆိုင်
၅၃။ ရွှေပြည်အေး = ဦးတင်မောင်အေး
၅၄။ ရွှေဝယ်ဧ = ဦးဘအေး
၅၅။ ရွှေဥဒေါင်း = ဦးဖေသိန်း
၅၆။ လှသမိန် = ဦးလှတင်
၅၇။ လင်းယုန်နီ = ဦးညီညီ
၅၈။ သခင်ကိုယ်တော်မှိုင်း = ဦးလွန်း
၅၉။ သာဓု = ဦးဖေသန်း
၆၀။ သော်တာဆွေ = ဦးကြင်ဆွေ
၆၁။ သင်္ခါ = ဦးတင်မြင့်
၆၂။ သိပ္ပံမောင်ဝ = ဦးစိန်တင်
၆၃။ ဟိန်းလတ် = ဦးမောင်မောင်ဦး
၆၄။ အေ၀မ်း ဆရာညှာ = ဦးစိန်ဖိုး
၆၅။ အောင်လင်း = ဦးတင်ဖေ
No comments:
Post a Comment