ပလပ်စတစ် အချိုရည် ပိုက်ကလေး တစ်ချောင်းကို အချိုရည် ပုလင်းရဲ့ အဖုံးပေါ်မှာ ဒီလိုလေး
တင်ထားမယ်။ လက်နဲ့ မထိ မကိုင်၊ ကြိုးနဲ့မဆွဲ၊ လေနဲ့ မမှုတ်ဘဲ အချိုရည် ပိုက်ကလေး ရွှေ့လျား
လည်ပတ်သွားအောင် လုပ်နိုင်ပါ့မလား။
လုပ်ပုံလုပ်နည်းလေးကို သိချင်ရင် အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး ကြည့်လိုက်ပါနော်။
ပလပ်စတစ် အချိုရည် ပိုက်ကလေးကို ယူပြီး သင့်အင်္ကျီစ ကြားမှာ ညှပ်ပြီး ဆယ်ကြိမ်ခန့်
ပွတ်တိုက်ပြီး ရှေ့တိုးနောက်ဆုတ် ဆွဲလိုက်ပါ။ ပြီးရင် ပိုက်ကလေးကို အချိုရည်ပုလင်း
အဖုံးပေါ်မှာ တင်ပြီး သင့်ရဲ့ လက်ညှိုးကို အချိုရည် ပိုက်ကလေးရဲ့ အဖျားနား 0.5 cm လောက်
အကွာထိ တိုးကပ်ပေးလိုက်ပါ။ အချိုရည် ပိုက်ကလေးဟာ သူ့အလိုလိုရွေ့လျား လည်ပတ်သွားတာ
တွေ့ရပါမယ်။
အချိုရည်ပိုက်နားကို လက်ညှိုးကပ်လိုက်လို့ ရွေးမသွားရင် အချိုရည်ပိုက်ရဲ့ အခြား
တစ်ဘက်ကို ပြောင်းပြီး တိုးကပ်လိုက်ပါ။
သူငယ်ချင်းတို့ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။
No comments:
Post a Comment