Tuesday, August 13, 2013
ညတွင်းချင်း ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားတာ ဘာ့ကြောင့်ပါလဲ
နံနက်အိပ်ယာ ထထချင်း ချိန်ကြည့်တဲ့ သင့်ခန္ဓာကိုယ် အလေးချိန်ဟာ ည အိပ်ယာဝင်ခါနီးမှာ
ချိန်ကြည့်ထားတဲ့ အလေးချိန်ထက် ၃ ပေါင်လောက် လျော့နည်းနေတာကို တွေ့ရပါတယ်။
ဒါဘာ့ကြောင့်လဲဆိုတော့.....
သင့်ရဲ့ အလေးချိန်ကို တစ်ညတာအတွင်း အပြောင်းအလည်းဖြစ်စေတဲ့ အဓိက အချက်က
သင့်ခန္ဓာကိုယ်မှ ရေဓါတ်များ လျော့နည်းသွားလို့ပါ။ ရေတစ်ဂါလံသည် ၈ ပေါင်လောက် အလေးချိန်
ရှိပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်မှာ ရေ ၆၅ ရာခိုင်နှုန်း ပါဝင်တယ်လို့ ဆိုရင် သင့်အနေနဲ့ ယုံနိုင်စရာ
မရှိပါ။ ထားလိုက်ပါတော့။ လက်တွေ့အနေအားဖြင့် သင် မအိပ်ခင် နာရီ အတော်ကြာကြာကတည်းက
အချိုရည်၊ လက်ဖက်ရည် သို့မဟုတ် ရေတစ်ဖန်ခွက်လောက်တော့ သောက်လိုက်မှာပါ။ ၄င်း အလေးချိန်
ကပင် နှစ်ပေါင်ကျော်လောက် ရှိပါလိမ့်မယ်။ ရေတစ်ဖန်ခွက်သည် လီတာ ထက်ဝက်မျှ ရှိပြီး အလေးချိန်
အားဖြင့် တစ်ပေါင် နီးပါးခန့်ရှိပါတယ်။ ညအိပ်စဉ်မှာ အဆိုပါရေများသည် တဖြည်းဖြည်းချင်းလျော့ကုန်
ပါတယ်။
ပထမအချက်အနေနဲ့ အသက်ရှူထုတ်ရာမှာ ရေခိုးရေငွေ့အဖြစ် မသိမသာ ပါသွားတတ်ပါတယ်။
လက်တွေ့မြင်ချင်ရင် အလွန်အေးတဲ့ ဖန်ခွက်ထဲကိုအသက်ရှူထုတ်ကြည့်ပါ။ ရေခိုးရေငွေ့များကို
မြင်ရပါမယ်။ ဒုတိယအချက် အနေနဲ့ သင့် အရေပြားမှတဆင့် ချွေးထွက်သလိုမျိုး အငွေ့ပြန်ကုန်ကြ
ပါတယ်။ တတိယအချက်အနေနဲ့ သင် အပေါ့ သွားကောင်းသွားပါလိမ့်မယ်။ အားလုံးပေါင်းလိုက်ရင်
တစ်ညလုံး အတိုင်းအတာအနေနဲ့ ရေ အတော်များများ ကုန်ခမ်းသွားပါတယ်။ သို့ဖြင့် သင့်အလေးချိန်
အတန်ငယ် လျော့သွားခြင်းသာ ဖြစ်ပါတယ်။ လူတစ်ဦးအတွက် နေ့စဉ် ရေဖန်ခွက် ၈ ခွက်မှ ၁၀ ခွက်
အထိ သောက်ရန် လိုအပ်ပါတယ်လို့ ဆေးပညာရှင်များက ဆိုထားကြပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment