မင်းပိုင်စိုးတစ်ယောက် သံပုရာသီကို အလုံးလိုက် ၀ါးစားထားသော မျက်နှာမျိုးဖြင့်
အခန်းထဲသို့ ၀င်လာခဲ့သည်။
“ သွားအထူးကု ဆရာဝန်ကြီး ဦးသန်းဇော် ဆိုတာလားခင်ဗျာ ”
“ အေး ဟုတ်တယ် ခု ဘာဖြစ်လာလို့လဲ ပြောစမ်း ”
“ ဟို... ကျနော် အခု သွားတွေ အရမ်းကိုက်နေလို့ ဆရာ့ဆီ လာပြတာပါခင်ဗျာ ”
“ အင်း... ဟုတ်ပြီ ဖြစ်နေတာ ဘယ်နှစ်ရက် ရှိပြီလဲ ကြာပြီလား ”
“ ဟုတ် ကြာပါပြီခင်ဗျာ ပွင့်ပွင့်လင်းလင်း ပြောရရင်ဆရာရယ် အရင်ကလည်း
အထူးကု တစ်ယောက်နဲ့ ပြဖူးပါတယ် အဲဒါ မပျောက်လို့ ဆရာ့ဆီ လာပြတာပါ ”
“ အရင်က ဘယ်ဆရာနဲ့ ပြတာလဲ ”
“ ဟို .. သမားတော်ကြီး ဦးနေထွန်းလှိုင်နဲ့ ပြတာပါခင်ဗျာ ”
“ အော်... ဟို နိုင်ငံခြားပြန် သမားတော်ကြီး ဦးနေထွန်းလှိုင်ဆိုတာလား ”
“ ဟုတ်ပါတယ်ခင်ဗျ ”
“ ခင်ဗျားမို့ သူနဲ့ သွားပြတယ်ဗျာ.... အဲဒီလူက နိုင်ငံခြားပြန်ဆိုတဲ့ အရှိန်နဲ့ လုပ်စား
နေတာဗျ ဘာမှ သိတာမဟုတ်ဘူး။ စာတွေ့လောက် သိတာ။ ကျွန်တော်တို့လို
လက်တွေ့လုပ်ကိုင်နေတဲ့သူတွေလောက်တော့ ဘယ် အထာကျွမ်းပါ့မလဲ။ နောက်ပီး
သူက ဦးနှောက်လည်း သိပ်မကောင်းဘူးလို့ ကြားတယ်။ ပြောလိုက်ရင်လည်း
အမှားချည်းပဲ။ သူ့လမ်းညွှန်ချက်တွေကလည်း လုပ်လိုက်ရင် အလွဲချည်းပဲ။
ဒါနဲ့ အခု ခင်ဗျားကို သူက ဘာတွေ အလုပ်ခိုင်းထားသေးလဲ ”
“ သူ အခု မှာလိုက်တာက ဆရာ့ဆီ သွားဖို့ လွှတ်လိုက်တာပါ ခင်ဗျာ ”
“ တိန် ”
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ
No comments:
Post a Comment