တစ်ခါက ရွာတစ်ရွာမှာ အလွန် စိတ်တိုတတ်တဲ့ မုဆိုးဖိုကြီး ဦးသာဝ ဟာ ရွာလယ်က ဒေါ်ဘုမရဲ့
ကုန်စုံဆိုင်မှာ ဆီ ၀ယ်ဘို့ ထွက်လာခဲ့ပါတယ်။ ဒေါ်ဘုမဆိုင်ရောက်တော့ “ ဆီ တစ်ဆယ်သားလောက်
ပေးပါ ” လို့ ပြောလိုက်တဲ့အခါ ဒေါ်ဘုမက “ အလေးပါသလား ” လို့ ပြန်မေးပါတယ်။ ဦးသာဝ
စိတ်တိုတော့တာပေါ့ ဘယ့်နှယ် ဆီလာဝယ်ပါတယ်ဆို ဘယ်လိုလုပ် အလေးပါမလဲ သူက ရောင်းတဲ့သူပဲ
အလေးက သူ့မှာပဲရှိရမှာပေါ့။ ဒါနဲ့ “ မပါဘူး ” လို့ခပ်ဆတ်ဆတ် ပြန်ပြောလိုက်ပါတယ်။ ဒီတော့
ဒေါ်ဘုမ က “ အလေးမပါရင် မရောင်းနိုင်ဘူး တစ်ယောက်ယောက်ဆီက ငှားရင်လည်း ငှားလာခဲ့၊
ကျွန်မဆီမှာတော့ ၄၀ သား အလေးတစ်လုံးပဲ ရှိတယ်။ ရှင်ဝယ်ချင်ရင် ၄၀ သားဝယ်၊ အဲလိုမှ
မဟုတ်ရင်တော့ ရောင်းစရာ အလေးမရှိဘူး ” လို့ပြန်ပြောလိုက်တော့ ဦးသာဝ အလွန် စိတ်ဆိုးသွားပြီး
“ ပြစမ်းဗျာ ခင်ဗျား ၄၀ သား အလေး ” ဆိုပြီး ယူကြည့်လိုက်တော့ မြေနဲ့ လုပ်ထားတဲ့ အလေးတုံး
ဖြစ်နေတယ်။ ဒါနဲ့သူလည်း စိတ်တိုတိုနဲ့ အလေးကို မြေကြီးပေါ်ကိုင်ပေါက်ပစ်လိုက်တယ်။ အဲဒီ
အခါမှာ မြေနဲ့ လုပ်ထားတဲ့ ၄၀ သား အလေးတုံးကြီးဟာ ၄ စိတ် ကွဲသွားပါတော့တယ်။ ဒေါ်ဘုမဟာ
ကွဲသွားတဲ့ သူ့အလေး အပိုင်းအစလေးတွေကို ကောက်ယူ ချန်တွယ်ကြည့်ပြီး “ ရှင် ဒီလို လုပ်လိုက်တာ
ကျွန်မ စိတ်မဆိုးပါဘူး။ ခုချိန်ကစပြီး ဘယ်သူမှ အလေးယူလာစရာမလိုတော့ပါဘူး။ တစ်ကျပ်သားကနေ
၄၀ သားအထိ ကြိုက်သလို ၀ယ်ယူလို့ ရပါပြီ ” လို့ ပြောလိုက်တော့ ဦးသာဝလည်း သူဝယ်ချင်တဲ့
ဆီ ၁၀ သားကို ၀ယ်ပြီး ပြန်သွားပါတော့တယ်။
သူငယ်ချင်းတို့ ရှာပေးရမှာက အဲဒီ အလေးအပိုင်းအစလေး ၄ ခုနဲ့ ၁ ကျပ်သားကနေ ၄၀
ကျပ်သားထိ ချိန်လို့ရအောင် အလေးအပိုင်းအစ တစ်ခုချင်းရဲ့ အလေးချိန်များကို ရှာပေးရမှာပါ။
ချိန်တွယ်တဲ့ အခါမှာတော့ လိုချင်တဲ့ ပစ္စည်းရဲ့အလေးချိန်နဲ့ အလေးများကို ချိန်ခွင် ဟိုဘက်သည်ဘက်
လိုတိုးပိုလျှော့ (မဲတင်း) တဲ့ နည်းနဲ့ ချိန်တာတွေလည်း ပါမှာပါ။
ကဲ သူငယ်ချင်းတို့ ကြိုးစားပြီးရင် အောက်က အပြည့်အစုံဖတ်ရန် မှာ နှိပ်ပြီး အဖြေတိုက်
ကြည့်နိုင်ပါတယ်။
ကွဲသွားတဲ့ အလေးအပိုင်းအစများရဲ့ အလေးချိန်များကတော့ .......
1 ကျပ်သား
3 ကျပ်သား
9 ကျပ်သား နဲ့
27 ကျပ်သားတို့ ဖြစ်ကြပါတယ်။ ချိန်တွယ်ပုံ ချိန်တွယ်နည်းကို ဆက်ကြည့်
လိုက်ပါနော်။
ဒီနေရာမှာ A ဆိုတဲ့ အက္ခရာကို ၀ယ်ယူမယ့် ပစ္စည်းရဲ့ အလေးချိန်အဖြစ် သတ်မှတ်ပါမယ်။
ညီမျှခြင်း ဟိုဘက် သည်ဘက်ကတော့ ချိန်ခွင်ရဲ့ ဟိုဘက် သည်ဘက်ပေါ့။
1 . 1 = A
2. 3 = A + 1
3. 3 = A
4. 3 + 1 = A
5. 9 = 3 + 1 + A
6. 9 = 3 + A
7. 9 + 1 = 3 + A
8. 9 = 1 + A
9. 9 = A
10. 9 + 1 = A
11. 9 + 3 = A + 1
12. 9 + 3 = A
13. 9 + 3 + 1 = A
14. 27 = 9 + 3 + 1 + A
15. 27 = 9 + 3 + A
16. 27 + 1 = 9 + 3 + A
17. 27 = 9 + 1 + A
18. 27 = 9 + A
19. 27 + 1 = 9 + A
20. 27 + 3 = 9 + 1 + A
စသည်ဖြင့်ပေါ့ဗျာ ကဲ ဒီလောက်ဆို 40 ကျပ်သားအထိ ကိုယ့်ဟာကိုယ် ဆက်ပြီး
ချိန်ကြည့်လိုက်ကြပါတော့နော်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
No comments:
Post a Comment