Sunday, August 25, 2013

ခိုင်မြဲတဲ့ လက်တစ်စုံ




      သင့် သူငယ်ချင်းတစ်ယောက်ရဲ့ လက်နှစ်ဖက်ကို ပုံမှာ ပြထားတဲ့အတိုင်း လက်သီးဆုပ်ခိုင်းပြီး

ထပ်ထားခိုင်းလိုက်ပါ။





          အဲဒီနောက် သက်က သူ့ရဲ့ လက်နှစ်ဖက်ကို ထပ်ထားရာမှ ဆွဲခွာပြလိုက်ပါ။ အလွယ်တကူ

ကွာသွားပါလိမ့်မယ်။




         ပြီးရင် သင်က “ကဲ ဒီတစ်ခါတော့ ငါ့အလှည့်ပေါ့ မင်း ဆွဲခွာကြည့်စမ်း” ဆိုပြီး သင့်လက်နှစ်ဖက်ကို

 သူ့လိုပုံစံပဲ ထပ်ပြီး ဆွဲခွာကြည့်ခိုင်းလိုက်ပါ။ သူ အလွယ်တကူ ခွာလို့ မရတာ တွေ့ရမှာပါ။



ဘာ့ကြောင့်ပါလဲ။

       အဖြေကို သိချင်ရင် အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး ကြည့်လိုက်ဦးနော်။







              ခိခိ အဖြေကတော့ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး ထပ်ကာနီးမှာ အောက်က လက်ရဲ့ လက်မကို

ပုံမှာပြထားတဲ့အတိုင်း ထောင်လိုက်ပြီး လက်မကို အတွင်းထဲက ထားပြီး ထည့်ဆုပ်လိုက်ပေါ့။

အဲလို လုပ်တာကိုတော့ သူမမြင်စေနဲ့ပေါ့နော်။


                           သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ။

1 comment:

  1. ခိခိ အိမ်မှာ မောင်လေးနဲ့ စမ်းကြည့်ဦးမယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...