Monday, August 26, 2013
ဘုန်းကြီးထံ ဘီးရောင်းခြင်း
တခါက နာမည်ကြီး ကုမ္ပဏီ တခုတွင် ၀န်ထမ်းများ အလိုရှိကြောင်း ကြေညာရာ လစာ
ကောင်းသောကြောင့် လာရောက် လျောက်ထားသူ များပြားခဲ့သည်။ လျောက်ထားသူ လူအများထဲတွင်
အကောင်းဆုံး တဦးကို ခန့်အပ်နိုင်ရန် တာဝန်ကျလူများက သူတို့အား ဘုန်းကြီးထံ ခေါင်းဘီးရောင်းစေ
သည့် အကြံကို ထုတ်ခဲ့ကြသည်။ထိုအကြံကိုကြားသော် အလုပ်လျောက်သူများက ဘုန်းကြီးထံ
ဘီးရောင်းခြင်းမှာ လုံးဝမဖြစ်နိုင်ဟုဆိုကာ စိတ်ဆိုးပြီး လက်လျောလိုက်ကြသည်။ နောက်ဆုံးတွင် ကကြီး၊
ခခွေးနှင့် ဂငယ်ဟုသော လူသုံးယောက်သာ ကျန်ခဲ့သည်။ သူတို့အား ဘီးရောင်းရန် (၁၀)ရက်
အချိန်ပေးလိုက်သည်။
(၁၀)ရက်လွန်သော် ကကြီးအား ဤသို့ မေးခဲ့ကြသည်။
“ဘယ်နှစ်ခု ရောင်းထွက်ခဲ့သလဲ”
“တစ်ခု”
“ဘယ်လို ရောင်းခဲ့သလဲ”
“ဘုန်းကြီးတွေဆီ ဘီးသွားရောင်းတော့ မ၀ယ်တဲ့အပြင် အပြောပါခံခဲ့ရတယ်။ ကံကောင်းတော့
လမ်းမှာ နေပူစာလှုံရင်း ခေါင်းကုတ်နေတဲ့ ကိုရင် တပါးကိုတွေ့တော့ ဘီးနဲ့ကုတ်ရင် ပိုကောင်းတယ်လို့
အကြံပေးလိုက်လို့ ကိုရင်က ဘီးကိုဝယ်လိုက်ပါတယ်”
ခခွေးအလှည့်တွင်.....
“ဘယ်နှစ်ခု ရောင်းထွက်ခဲ့သလဲ”
“ ဆယ်ခု”
“ဘယ်လို ရောင်းခဲ့သလဲ”
“နာမည်ကြီးတဲ့ တောင်ပေါ် ဘုန်းကြီးကျောင်း တကျောင်းကို ကျွန်တော်ရောက်ခဲ့တယ်။
တောင်ပေါ်မှာ လေတွေတိုက်နေလို့ ဘုရားလာဖူးသူတွေရဲ့ ဆံပင်တွေဟာ ရှုပ်ပွကုန်တယ်။
ဆံပင်မသေမသပ်နဲ့ ကျောင်းကိုလာရင် မရိုသေရာရောက်တယ်။ ဒါကြောင့် ကျောင်းထဲ ရောက်
လာရင် ဆံပင်ကို အရင်ဆုံးဖီးပါလို့ အကြံပေးလိုက်လို့ ဘီးဆယ်ခု ရောင်းခဲ့ရတာပါ”
ဂငယ် အလှည့်တွင်........
“ဘယ်နှစ်ခု ရောင်းထွက်ခဲ့သလဲ”
“ဘီးအခု (၁၀၀၀) ရောင်းခဲ့ပါတယ်”
“ ဟာ....ဘယ်လို ရောင်းခဲ့သလဲ”
“နာမည်ကြီး ဘုန်းကြီးကျောင်းတကျောင်းကို ကျွန်တော်ရောက်သွားခဲ့တယ်။ အဲဒီကျောင်းက
ဘုရားလာဖူးသူ တွေနဲ့ စည်ကားနေတယ်။ ဒါနဲ့ ကျွန်တော်လဲ ကျောင်းက တာဝန်ကျလူတွေကို
“ဘုရား လာဖူးသူတွေဟာ ဘာသာတရားကို ယုံကြည် ကိုးကွယ်ကြတဲ့ လူတွေ၊ ဘုရားရဲ့ အစောင့်
အရှောက်ကို ခံယူကြတဲ့ လူတွေ၊ ဘုရား လာဖူးသူတွေကို အမှတ်တရ အစောင့်ပစ္စည်း တစ်ခုခု
ကောင်းမူပြုသင့်တယ်။ ကျွန်တော့်မှာ ဘီးတွေပါတယ်။ ဘီးပေါ်မှာ လာဘ်ရွှင်ဘီးလို့ရေးပြီး
လက်ဆောင်အဖြင့် ပေးရင် မကောင်းဘူးလား” လို့ ကျွန်တော်ပြောတော့ တာဝန်ကျလူတွေက
သဘောတူပြီး ဘီးတွေဝယ်လိုက်တယ်။” ဘုရားဖူးသူများကလဲ လာဘ်ရွှင်ဘီးရသဖြင့် ၀မ်းသာကြသည်။
တယောက်မှ နောက်တယောက်သို့ သတင်းဖြန့်သော် ဘုရားဖူးသူများ ပိုမိုများပြားခဲ့သည်။
မဖြစ်နိုင်ဘူးလို့ လူတွေထင်နေချိန်မှာ ထိုးဖောက် ထွက်နိုင်သူကမှ တကယ့် စီးပွားပညာရှင်တဲ့။
“work hard ”တိုင်း အကျိုးမရှိနိုင်သလို တခါတရံ “work smart” ရန်လည်း လိုအပ်သည်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
original post from : http://www.youthwant.com.tw
Subscribe to:
Post Comments (Atom)
No comments:
Post a Comment