၎ x ၄ လက်မ ပတ်လည်ရှိတဲ့ ကုဗတုံး (အံစာတုံး) တစ်ခုရဲ့ မျက်နှာပြင် ၆ ဘက်လုံးကို
ဆေးအပြာရောင် သုတ်လိုက်ပါတယ်။ အဲဒီနောက် အဲဒီ ၄ x ၄ လက်မ ကုဗတုံးကို ၁ x ၁ လက်မ
ရှိတဲ့ ကုဗတုံးငယ်များအဖြစ် ခွဲစိတ်လိုက်ပါတယ်။ အဲဒီတော့ အားလုံး ၁ x ၁ လက်မ ကုဗတုံး ၆၄ တုံး
ရရှိလာပါတယ်။ ဖြေဆိုရမှာက အဲဒီ ရရှိလာတဲ့ ၁ x ၁ လက်မ ကုဗတုံးငယ် ၆၄ တုံးမှာ
(၁) ဆေးအပြာရောင် မျက်နှာပြင် ၃ ခုပါတဲ့ ၁ x ၁ လက်မ ကုဗတုံး ဘယ်နှစ်တုံး ရလာမလဲ။
(၂) ဆေးအပြာရောင် မျက်နှာပြင် ၂ ခုပါတဲ့ ၁ x ၁ လက်မ ကုဗတုံး ဘယ်နှစ်တုံး ရလာမလဲ။
(၃) ဆေးအပြာရောင် မျက်နှာပြင် ၃ ခုပါတဲ့ ၁ x ၁ လက်မ ကုဗတုံး ဘယ်နှစ်တုံး ရလာမလဲ။
(၄) ဆေးအပြာရောင် မပါတဲ့ ၁ x ၁ လက်မ ကုဗတုံး ဘယ်နှစ်တုံး ရလာမလဲ ဆိုတာ ဖြေပေး
ရမှာပါ ။
ရရှိလာတဲ့ သူငယ်ချင်းတို့ရဲ့ အဖြေကို အောက်က အပြည့်အစုံဖတ်ရန် မှာ နှိပ်ကြည့်ပြီး
တိုက်ကြည့်လိုက်ကြပါနော်။
အဖြေကတော့
အရောင်ပါ မျက်နှာပြင် ၃ ခုရှိတဲ့ ၁ x ၁ လက်မ ကုဗတုံး = ၈ တုံး
အရောင်ပါ မျက်နှာပြင် ၂ ခုရှိတဲ့ ၁ x ၁ လက်မ ကုဗတုံး = ၂၄ တုံး
အရောင်ပါ မျက်နှာပြင် ၁ခုရှိတဲ့ ၁ x ၁ လက်မ ကုဗတုံး = ၂၄ တုံး
အရောင်မပါတဲ့ မျက်နှာပြင်ရှိတဲ့ ၁
အောက်က ပုံကလေးကို ကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်နော်။
No comments:
Post a Comment