ပေါင်းရန် မကြုံခဲ့ ငယ်ကျွမ်းကြီး
လေးဆယ်ကျော် ငါးဆယ်နီးမှ
မောင်ကြီးရယ် တွေ့ဦးစို့တဲ့
စာပို့ပြီးညည်း။
ကံမကုန်ပေမယ့်
ပြန်ဆုံရန် ခက်တဲ့လမ်း
မွေးမျှင်စုံ ဖြူရောင်သမ်းမှ
မယ်ကြီးအို ငယ်ကကျွမ်းကို
ပျော့ပျော့ကြီးလွမ်း။ ။
(ချစ်သောအပု သို့)
ဇီဝနိုင်
ကဗျာဆရာ ဇီဝနိုင်ရဲ့ ကဗျာလေး ပြန်လည် မျှဝေလိုက်တာပါ။
No comments:
Post a Comment