Monday, August 12, 2013

သူခိုးဖမ်းမယ့် ကျနော်

             ကျနော်က ချက်ဆို နားခွက်က မီးတောက်တဲ့ကောင်လေ..။   အသက်ကလည်း ၄၀ နားနီးလာ၊

စီးပွားရေး၊ လူမှုရေးကိစ္စတွေမှာလည်းအတော်လေး နှံ့နှံ့စပ်စပ် ကျင်လည်ခဲ့ရတယ်။  ဒီတော့ လူကဲ

ခတ်တဲ့နေရာမှာ အတော်လေး ကျွမ်းကျွမ်းကျင်ကျင် ရှိလာတယ်ပေါ့ဗျာ။ ဒီကြားထဲ ဆရာဖေမြင့်ရဲ့

“ပြောတတ် ဆိုတတ် ပေါင်းသင်းတတ်တဲ့သူ”၊ ဆရာ ဦးနုရဲ့ “မိတ္တဗလ ဋီကာ”၊ ဆရာညီညီနိုင်ရဲ့

 “လူတွင်ကျယ်ဖို့ လူရည်လည်ဖို့” စတဲ့ လူမှုရေး ပညာစာအုပ်တွေဖတ်ပြီး လေ့လာလိုက်တော့

ကျနော့ရဲ့ လူကဲခတ်ပညာဟာ အတော်လေး တိုးတက်လာတာပေါ့ဗျာ။
   
              တစ်နေ့တော့ မမိုးက သူ့ရဲ့ အိမ်တွင်းမှုပစ္စည်း စက်ရုံမှာ ပစ္စည်းတွေ ပျောက်ပျောက်နေလို့

ကျနော့ရဲ့ လူကဲခတ်ပညာနဲ့ သူခိုးဖမ်းပေးဖို့ အကူအညီတောင်းလာပါတယ်။ စက်ရုံက ခြံစည်းရိုး၊

အကာအရံ၊ အချက်ပေးစက် စနစ်၊ ညစောင့်တွေနဲ့ အင်မတန် လုံခြုံစိတ်ချရတဲ့အတွက် သူခိုးဟာ

အပြင်က သူခိုးမဖြစ်နိုင်ဘူး၊ စက်ရုံက အလုပ်သမားတွေ၊ ၀န်ထမ်းတွေထဲကပဲ ဖြစ်ရမယ်လို့ သူက ဆိုလာ

ပါတယ်။

        ကျနော်ကလည်း “စိတ်ချ မမိုး၊  မမိုးရဲ့ စက်ရုံက ပစ္စည်းတွေ ခိုးနေတဲ့ သူခိုးကို ကျနော် တစ်လ

အတွင်း မိအောင်ဖမ်းပေးပါ့မယ်” လို့ ကတိပေးလိုက်ပါတယ်။ သူခိုးဟာ ၀န်ထမ်းတွေထဲကပဲ ဖြစ်ရမယ်

ဆိုတာကြောင့် ၀န်ထမ်းတွေ အလုပ်တက်၊ အလုပ်ဆင်းတဲ့အချိန် ဂိတ်ဝကနေ စောင့်ကြည့် အကဲခတ်

ဖမ်းလိုက်ရင် ဒီသူခိုးမိမှာပဲပေါ့။ ပစ္စည်းတွေ ခိုးထုတ်ခံရတာဆိုတော့ အလုပ်ဆင်းတဲ့အချိန်မှာပဲ  အဓိက

 စောင့်ကြည့်ရုံပဲပေါ့။    ဟောတွေ့ပါပြီ ကိုဇက်နဲ့ မင်းပိုင်စိုး။ ဒင်းတို့နှစ်ယောက် အမူအရာကြည့်ရတာ

သိပ်မရိုးသားဘူး။ ကျနော့ရဲ့ လူကဲခတ်ပညာနဲ့ စစ်ဆေးကြည့်လိုက်ရင် သူတို့နှစ်ယောက်ဟာ

မရိုးသားတာတွေ့ရတော့ သူတို့ အလုပ်ဆင်းတဲ့အချိန်မှာ သူတို့နှစ်ယောက်ကို အဓိကထားပြီး  သေသေ

ချာချာ စစ်ဆေးပါတယ်။ သူတို့ရဲ့ ထမင်းချိုင့်တွေ၊ အိတ်တွေကအစ သေသေချာချာ ဖွင့်ကြည့် စစ်ဆေး

ပါတယ်။  ဒါပေမယ့် ခိုးရာပါ ပစ္စည်း ဘာမှ ရှာလို့မတွေ့တော့ လက်ပူးလက်ကြပ် ဖမ်းဖို့ ခက်နေပါတယ်။

ကျနော့အမြင်မှာတော့ သူတို့နှစ်ယောက်ဟာ မရိုးသားတာတစ်ခုခု လုပ်ထားတာ သေချာပါတယ်။

ကျနော့စိတ်ကလည်း အလိုလို သိနေတယ်။ ဒီလိုနဲ့ သူတို့ရဲ့ အိတ်တွေနဲ့ထမင်းချိုင့်တွေကို နေ့စဉ်နဲ့အမျှ

 သေသေချာချာ စစ်ဆေးပေမယ့်လည်း တစ်လသာ ပြည့်သွားတယ် သက်သေခံပစ္စည်း ဘာမှ မပြနိုင်လို့

သူခိုးကို ဖမ်းမမိခဲ့ပါဘူး။ ကျနော်လည်း မမိုးကို ပေးထားတဲ့ ကတိအတိုင်း သူခိုးကို ဖမ်းမပေးနိုင်လို့

ရှက်ရှက်နဲ့ပဲ မမိုးရဲ့ စက်ရုံက  ထွက်ခဲ့လိုက်ရပါတယ်။ မမိုးရဲ့ စက်ရုံက ပစ္စည်းတွေကတော့

 ပျောက်ဆုံးနေဆဲပါပဲ။

            ကျနော့စိတ်ထဲကတော့ ဘ၀မကျ၊ မကျေနိုင်နပ်ဘူးပေါ့ဗျာ။ ကိုဇက်နဲ့ မင်းပိုင်စိုး ဒီနှစ်ယောက်

မရိုးသားတာ မျက်နှာအမူအရာ၊ လေသံ၊ အနေအထားတွေကအစ သိနေတာကို လက်ပူးလက်ကြပ်

မဖမ်းနိုင်တာကို စိတ်ထဲက တနုံ့နုံ့ ဖြစ်နေပါတော့တယ်။

               တစ်နေ့တော့ သူတို့နှစ်ယောက်ကို လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ တွေ့တော့ ကျနော်

မနေနိုင်တော့ဘူး။ကျနော့ရဲ့ တနုံ့နုံ့ ခံစားနေရတဲ့ အချက်ကို ပွင့်ပွင့်လင်းလင်းပဲ မေးမှ ဖြစ်တော့မယ်

ဆိုပြီး....

     “ဒီမယ် ငါ့ညီတို့ င့ါညီတို့ မမိုးရဲ့ စက်ရုံက ပစ္စည်းတွေ ခိုးထုတ်နေတယ် အကိုသိပါတယ်။ ဒါပေမယ့်

မင်းတို့ကို ဖမ်းလို့ မမိတာကို အကို မကျေနပ်ဘူးကွာ၊ အဲဒါ မင်းတို့ အမှန်တိုင်း ဖွင့်ပြောပေးစမ်းပါ။

ခုချိန်မှာ မမိုးရဲ့ စက်ရုံမှာလည်း အကိုမလုပ်တော့ပါဘူး။ မမိုးလည်း အကို့ကို

အယုံအကြည် မရှိတော့ပါဘူးကွာ။ ဒီတော့ အကို့ကို ငါ့ညီတို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပြစေချင်ပါတယ်”

ဆိုတော့...

သူတို့နှစ်ယောက်က “ဟာ အကိုသန်းဇော်ကလည်း ကျနော်တို့ လုပ်တာ ရိုးရိုးရှင်းရှင်းလေးပါဗျာ”

    “ဟေ.. အဲဒီ ရိုးရိုးရှင်းရှင်းလေးကို အကို မသိဘူး ဖြစ်နေတယ်ကွာ လုပ်စမ်းပါဦး

င့ါညီတို့ နှစ်ယောက်ကို ဆရာတင်ပါတယ်ကွာ”

    “ဟာ... အကိုသန်းဇော်ကလည်း ကျနော်တို့က အိတ်တွေနဲ့ ထမင်းချိုင့်တွေ ခိုးထုတ်နေတာလေ......”

   “သေဟ......”

                                                           သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ

         ကြားဖူးနားဝ ဟာသလေးနဲ့ သူငယ်ချင်း ကိုဇက်နဲ့ ကိုမင်းပိုင်စိုးတို့ကို စ လိုက်တာပါ။

စိတ်မဆိုးနဲ့နော် ဟဲဟဲ။
   
   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...