တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်
တိမ်ပြာရောယှက်၊ မရန်းဖက်၍
တိမ်သက်တန့်ရောင်၊ အ၀ါပေါင်ဝယ်
မှောင်ခဲ့တခါ၊ ပြာခဲ့တချို့
ညို့ခဲ့တလီ၊ ရီခဲ့တစ်ဖုံ
မှန်ခဲ့တချက်
ယုဂန်ထက်က၊ လေးဖက်လုံးခြုံ
တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့
ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့။ ။
တောလား ရှင်ဥတ္တမကျော်

ရှေးဟောင်းကဗျာလေး ဖတ်ခွင့်ရလို့ ကျေးဇူးနော်
ReplyDelete