ခောတ်နဲ့တူရဲ့
ဟိုး.... လှိုင်းဖြူဖြူတို့ အပေါ်မှာ
မကြာခင် ကျော်လာခဲ့မယ်.......တဲ့
သွားနှင့်တဲ့။
မိစ္ဆာဒိဋ္ဌိ
အယူရှိသူဟု
ရာစုတစ်ခုလုံး
အနုမြူဗုံး ဖောက်ခွဲခဲ့ရာ။
နောက်ဆုံးပတ်
“ကံဆိုးမ” ရထား
ထွက်ခွာသွားရာနောက်အပြေး
ဗီဇကမ္မ တိုက်ဆိုင်တာလေးနဲ့
သူ မွေးဖွားခဲ့ပြန်ပါရော။
“ရေတစ်ပေါက်လောက်
သောက်ချင်လိုက်တာ”
မျက်နှာတိုင်း တပ်ဆင်ထားကြ
လက်နက်ချလိုက်
ဘ၀ကို မဖြုန်းတီးပစ်နိုင်ပါ။
အမေက စိုးရိမ်တတ်တယ်
ပိန်လိုက်တာနော်
ည ည အိပ်မပျော်ဘူး အမေ
တံခါးခေါက်သံ ကြားကြးနေတယ်
သေသူလား ရှင်သူတွေလား ဟင်။
သင်္ဂါရ ရသ
တောက်ပစမ်းပါဘိ
မသိ နားမလည်မှု အပေါင်းအား
သမားကောင်းထံ အပ်နှံရဲ့။
ဤလောကမှ
ချွင်းချက်မဲ့ “မနေ့” နှင့်
တိုတောင်းသော “ယနေ့” ဟူ၍
သူလက်ခံ ရရှိခဲ့ပါသည်။
ဤလောကမှ
ရှည်လျားသော “မနက်ဖြန်” ၌
မွဲကြန်အောက်သိုးသော အနံ့အသက်များ
သူ မထားရက်နိုင်ခဲ့ပါပြီ။ ။
အောင်ချိမ့်
သစ်ရွက်အသေများပေါ်မှ ရက်စက်သော ဂီတာ
စက်တင်ဘာ ၇၄
No comments:
Post a Comment