Friday, August 30, 2013

ပုလင်းအောက်က ငွေစက္ကူ


            ပုံမှာ ပြထားတဲ့အတိုင်း ပုလင်းကို ဇောက်ထိုး ထောင်လိုက်ပြီး သူ့ရဲ့အောက်မှာ ငွေစက္ကူ

တစ်ရွက်ကို ဖိထားပါမယ်။ အဲဒီ ငွေစက္ကူလေးကို ပုလင်း မလဲအောင်၊ ပုလင်းကို ဖယ်ရှားမပစ်ရ၊လက်နဲ့

 မထိမကိုင်ရဘဲ  ဘယ်လို ဆွဲထုတ်မှာလည်း။ ကြိုးစားကြည့်ပြီးရင် အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး

 အဖြေတိုက်ကြည့်လိုက်ပါနော်။




      ငွေစက္ကူရဲ့ ထိပ်တစ်ဘက်မှ လိပ်လိုက်ပါ။ တစ်ဖြည်းဖြည်ချင်း ဆက်လိပ်သွားရင် ငွေစက္ကူ

အလိပ်ကလေးဟာပုလင်းကို တဖြည်းဖြည်းချင်း တွန်းရွှေ့သွားပြီး ငွေစက္ကူလေးဟာအပြင်ကို 

လွတ်ထွက်သွားပါမယ်။








  နောက်ထပ် တစ်နည်းရှိပါသေးတယ် အဲဒါကတော့ စားပွဲခုံကို လက်သီးဆုပ်ဖြင့် ခပ်ဆတ်ဆတ်လေး၊

ခပ်သွက်သွက်ထုပေးနေရင်း ငွေစက္ကူကို လက်တစ်ဖက်က ဖြည်းဖြည်းချင်း ဆွဲထုတ်သွားပါ။


           
 
   

          ကဲ သူငယ်ချင်းတို့ ပျော်ရွှင်နိုင်ကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...