Friday, June 10, 2016

ကင်ဆာကို အာနိသင် ပျယ်သွားအောင် လုပ်နိုင်ပြီ





         ကင်ဆာကို အာနိသင်ပျယ် သွားအောင် လုပ်နိုင်သည့် နည်းလမ်းတွေ့ပြီဟု သိပ္ပံပညာရှင်များက

 ကြွေးကြော်လိုက်သည်။

             ရင်သား ကင်ဆာနှင့် ဆီးအိမ် ကင်ဆာ တစ်သျူးများကို စမ်းသပ်ကြည့်ရာ ကင်ဆာ ဖြစ်နေသော

ဆဲလ်များကို နဂိုအတိုင်း ကျန်းမာသော ဆဲလ်များ ပြန်ဖြစ်အောင် နောက်ကြောင်း ပြန်ခိုင်းနိုင်ခဲ့ကြောင်း

သိရသည်။ ၎င်းတို့၏ နည်းပညာသည် ထိုကင်ဆာ နှစ်မျိုးကို သာမက တစ်သျူးကို အခြေခံသော မည်သည့်

ကင်ဆာကိုမဆို နောက်ကြောင်း ပြန်စေကာ ကျန်းမာသောဆဲလ်များ ပြန်ဖြစ်ထွန်းအောင် ဆောင်ကြဉ်း

 ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပညာရှင်များက ဆိုထားသည်။

             ကင်ဆာ တိုက်ဖျက်ရေး နည်းပညာသစ်များ ပေါ်ပေါက် လာနေသည့်တိုင် ဥပမာအားဖြင့်

 ဗြိတိန်နိုင်ငံတွင် ကင်ဆာကြောင့် တစ်နှစ်ကို လူတစ်သိန်းခွဲလောက် သေဆုံးနေရဆဲ ဖြစ်သည်။

စမ်းသပ်မှုသည် အစောဦးပိုင်း အဆင့်သာ ရှိသေးသည့်တိုင် အနာဂတ် အလားအလာ

အလွန်ကောင်းနေကြောင်း ပညာရှင်များက ပြောသည်။

ယခင် ကင်ဆာဆေးများသည် ကင်ဆာကို လိုက်သတ်ဖို့ ကြိုးစားသည်။ ယခုနည်းလမ်းမူကား

ကင်ဆာကို လက်နက်ဖြုတ်ကာ အန္တရာယ် မပေးနိုင်သူမျိုး ဖြစ်သွားအောင် လုပ်ယူခြင်း ဖြစ်သည်။

ကျန်းမာသော ဆဲလ်များကို စုစည်းနှောင်ဖွဲ့စေကာ ကင်ဆာဆဲလ် ဖြစ်သွားအောင် လုပ်သည့် PLEKHA7

ပရိုတိန်းဓာတ်ကို ပညာရှင်များ ထောက်လှမ်း ဖော်ထုတ်နိုင်ခဲ့ခြင်း အသီးအပွင့် ဖြစ်သည်။

          PLEKHA7 ကြောင့် ကျန်းမာသော ဆဲလ်များ၏ ဖွဲ့စည်း တည်ဆောက်ပုံ ပျက်ယွင်းကာ ကင်ဆာ

ဆဲလ်များ အဖြစ်သို့ ကူးပြောင်း ရောက်ရှိသွားရသည်။

      လေ့လာ သုတေသနကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် မေယိုဆေးခန်း

သုတေသနဌာနက ပြုလုပ်ထားခြင်း ဖြစ်သည်။ PLEKHA7 ကို ဖယ်ရှားလိုက်သည့်အခါ မကျန်းမာသော

ဆဲလ်များသည် ပုံမှန် အလုပ်ပြန်လုပ်လာကာ ကျန်းမာသော ဆဲလ်များအဖြစ်သို့ ပြန်လည်

 ရောက်ရှိလာကြောင်း တွေ့ရှိထားသည်။

             PLEKHA7 သည် ကင်ဆာ၏ လက်နက်ဟု ပညာရှင်များက ဆိုလိုက်သည်။

ထိုလက်နက်ကို ဖြုတ်သိမ်းလိုက်သည်နှင့် ကင်ဆာ ဆဲလ်များ တန့်သွားကာ နောက်ကြောင်း ပြန်ပြီး

ကျန်းမာသော ဆဲလ်များ အဖြစ်သို့ ရောက်ရှိ သွားသည်ဟု သိရသည်။

              ဆီးအိမ် ကင်ဆာရှိသူ၏ အသားစကို ယူကာ ဓာတ်ခွဲခန်း ဖန်သားပြင်ပေါ်တွင် PLEKHA7 ကို

ဖယ်ထုတ် ကြည့်သည်တွင် ကင်ဆာဆဲလ်များသည် ကျန်းမာသော ပကတိဆဲလ်များ

အဖြစ်သို့ ပြန်ရောက်ရှိလာကြောင်း တွေ့ခဲ့ရသည်။

လေ့လာ သုတေသန အပြည့်အစုံကို Nature Cell Biology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

အသားစ တစ်သျူးများပေါ် အခြေတည် ဖြစ်ပွားသော ကင်ဆာ အတော်များများကို ယခုနည်းပညာဖြင့်

ကုသနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သုတေသန အဖွဲ့ကို ဦးဆောင်ခဲ့သည့် ဒေါက်တာ

အန်နာစတာစီဒစ်က ပြောသည်။


                         Source: BBC


                         The Messenger

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...