Friday, June 10, 2016

တို့ဗိုလ်ချုပ် ပြန်လာပြီ


တို့ဗိုလ်ချုပ် ပြန်လာပြီ
*******************

ဟေ့ ...တာရာ
 
လွတ်တော်ထဲက ကောင်တွေ အကုန်သွားခေါ်စမ်း..
 
ဝန်ကြီးဆိုတဲ့ ကောင်တွေရောခေါ်ခဲ့..
 
တပ်ချုပ်ကိုလည်း ဆင့်ခေါ်ထား...
 
အခုချက်ချင်းလို့....ကြားလား
_____

 
ဘယ်သူလဲ သမ္မတဆိုတာ...
 
မင်းလား.. သိန်းစိန်.. .
 
မင်းရာထူးတော့ မင်းသိသားပဲ..
 
မင်းထက်ကြီးတာ ဘယ်သူရှိလဲ ..ပြောစမ်း..
 
ထမင်းတောင် နပ်မမှန်ရတဲ့ ကြားထဲ
 
နွားနို့က သောက်ခိုင်းသေးတယ်ပေါ့..
 
လုပ်စားမယ့် မြေတော့ သိမ်းတယ်..
 
ဆန္ဒပြတော့ ပုဒ်မ ၁၈ တဲ့..
 
ဘာလဲမင်းဟာက...
 
မင်းလူတွေကျတော့ ၃ သိန်းတောင်
 
လာဘ်စားခွင့်ရဆိုကွဟေ...
 
ပြဿနာဖြစ်ပြီဆို ကော်မရှင်ဖွဲ့တယ်..
 
အဖြေကျတော့ မထွက်ဘူး..
 
မေ့လောက်ပြီဆို ပြန်ရုတ်သိမ်းတယ်...
 
နေစမ်းပါအုံး.. .
 
မင်းတိုက အစိုးရလား၊ သူပုန်လား ...
 
မင်း စဉ်းစားထား..
 
ပြီးရင်ငါ့ကို အဖြေထုတ်ပေး..

 
နောက်တယောက်...
 
ဒုသမ္မတ ဆိုတာ..ဘယ်သူလဲ.. မင်းလား
 
ဥာဏ်ထွန်း တဲ့လား...
 
မင်းအကြောင်း ငါကြားပါတယ်..
 
တခုတော့ပြောထားရအုံးမယ်. မင်းတို့ပေးထားတဲ့ ပညာရေးနဲ့ မင်းတို့ပြောတာနဲ့က မမျှဘူးကွ..
 
လူနားလည်အောင်ပြော.. ကြားလား.
 
တနေ့ ၂ ထောင်ဆိုတာ မင်းပြောတာ မလား..
 
မင်းပြောချင်တာကို မင်းသိပေမယ့်..
 
ပြည်သူတွေက မသိဘူးကွ...
 
မင်းတို့စီစဉ်ပေးထားတဲ့ အလုပ်ကို လုပ်နေကြရတာ မဟုတ်ဘူးကွ...
 
ကြုံရာလုပ်နေကြရတာ...
 
မင်းငွေ ၂ ထောင်မကဘူး..သူတို့ရှာနိုင်တယ်..
 
ဒါပေမယ့် မလောက်ဘူး..
 
ဘာလို့လဲ သိလား...
 
အေး..မင်းလည်း.. အဖြေရှာထား..ရရင်ပြော.

နောက်တယောက်က...
 
ဘာလဲမင်းက...ဒုသမ္မတ ပဲလား..
 
ဟေ..ဘာလို့ ၂ ယောက်ဖြစ်နေတာလဲ..
 
ဟေ့.. .သိန်းစိန်... ဘယ်လိုဖြစ်တာလဲ..
 
အလကား ခန့်ထားတာလား..လစာပေးရသေးလား..
 
ဟ..ပေးရရင် ၂ ယောက်မလိုဘူးလေကွာ..
 
မင်းတို့ ပိုက်ဆံဖြုန်းလှချည်လား..
 
ဒါပြည်သူ့ ပိုက်ဆံကွ...
 
ကဲထားပါတော့..မင်းက ဒေါက်တာဆို..
 
မင်းအလုပ်က ဆေးရုံမှာ မဟုတ်ဘူးလား..
 
ဘာလို့ ဒီရောက်နေတာလဲ..
 
သိန်းစိန်ကို ကျမ္မါရေးကိစ္စတွေ အကြံပေးနေတာဆိုရင်လည်း..
 
အကြံပေးပေါ့ကွာ.. ဘာလဲ ဒုသမ္မတ..
 
ဟ...မင်းတို့ ဒီမှာတင် တော်တော်လွဲနေပြီနော်..
 
အောက်ပိုင်းထိဆို မတွေးရဲစရာပဲ..
 
မပူနဲ့.. ငါအကုန့်စစ်မှာ..မဟုတ်ရင်တော့လားကွာ.. အကုန် ကန်ချပြစ်မယ်..

 
မင်းတို့က ဘာတွေလဲ..၀န်ကြီး နဲ့ ဒုဝန်ကြီး..
 
ဟ..များလှချည်လားကွဟေ....သိန်းစိန်..
 
သူတိုလည်း လစာပေးရသေးလား.. .
 
ဟ...မင်တို့အစိုးရက ပိုက်ဆံပေါလှချည်လား..
 
နေပါအုံး...အဲဒီပိုက်ဆံတွေက ဘယ်ကရတာတုန်း
 
ပြည်တွင်းဖြစ်တွေ....
 
အော်..ဒါကြောင့်မင်းတို့က ပြည်တွင်းဖြစ်ကို အားပေးခိုင်းတာကိုး..
 
မင်းတို့ မရှက်ဘူးလား...
 
တယောက်စာကို ၂ ယောက်ဝိုင်းလုပ်ပြီး လစာယူနေကြတာ..
 
မင်းတို့ လောက်ကော လောက်ရဲ့လားကွ..ဟေ
 
ပြည်သူတွေရော သွားကြည့်ဖြစ်ကြလား.. 
 
သူတို့တွေရော အဆင်ပြေကြရဲလား..
 
ဟေ့..သိန်းစိန်
 
ငါသာ မင်းနေရာမှာဆို ရှက်တာနဲ့ သေလောက်ပြီ
 
အဲဒါကြောင့် ရွှေနိုင်ငံကနေ အခု ထုံးသုတ်ရတဲ့ အဆင့်ရောက်နေတာကိုး...
 
မင်းတို့ တတွေပဲ ဗိုက်ဆွဲနေကြတာ.. 
 
ပြည်သူက နံရိုးကျဲတဲနဲ့...
 
ငါစိတ်ရှိသလောက်လုပ်ရင်
 
မင်းတို့ အကုန် သေကုန်တော့မယ်...

 
သွားကြ...
 
မနက်ဖြန်က စပြီး ၀န်ကြီးဌာန တခုချင်းဆီက
 
အစီအရင်ခံစာတွေ လာတင်ကြ...
 
ဗြောင်လိမ်ရင်တော့ မင်းတို့နဲ့ငါနဲ့တွေ့မယ်။
 
ဒါပဲ.....။

 
တခုမှတ်သွားကြ..
 
ငါ့ကို လာလုပ်ကြံလို့ရတယ်..
 
ဒါပေမယ့် ငါဘယ်တော့မှ သေမှာမဟုတ်ဘူး..
 
ကမ္ဘာမကျေသရွေ့ပေါ့ကွာ.....။

                                             
                                                                       Credit Sitt Paing

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...