Monday, March 9, 2015
ပုလင်းထဲက အချိုရည်
သင့်ကို ဒီလို အချိုရည် အပြည့်ထည့်ထားတဲ့ ပုလင်းတစ်လုံး၊ ပလပ်စတစ် ပိုက်ကလေး
တစ်ချောင်းနဲ့ ဖန်ခွက်ကလေး တစ်လုံးပေးထားပါမယ်။ လုပ်ရမှာက ပုလင်းထဲက အချိုရည်တွေကို
ပုလင်းကို မမှောက်မသွန်ပဲ အချိုရည် ပိုက်ကလေးကို အသုံးပြုပြီး ဖန်ခွက်ထဲ ရောက်အောင်
လုပ်ပေးရမှာပါ။ လုပ်နိုင်ပါ့မလား။ စဉ်းစားပြီးရင် သူငယ်ချင်းတို့ရဲ့ အဖြေကို အောက်က
အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး တိုက်ကြည့်လိုက်ပါနော်။
ပထမဆုံး လုပ်ရမှာက အချိုရည် ပိုက်ကလေးကို ဖန်ခွက်ဖက်ကို အသာလေး
ခေါက်ချလိုက်ပါ ပြီးရင် သင့်ရဲ့ ပါးစပ်ကို အချိုရည်ပုလင်းဝမှာ ဖိကပ်ထားပြီး လေနဲ့ ပုလင်းထဲကို
မှုတ်သွင်းလိုက်ပါ။
ဒါဆိုရင် အချိုရည်တွေဟာ ပလပ်စတစ်ပိုက်ကလေးက တစ်ဆင့် ဒီလို ဖန်ခွက်ထဲကို
ကျလာမှာပါ။ လေ မှုတ်သွင်းခြင်းကို ရပ်တန့်လိုက်ပေမယ့်လည်း ဆိုင်ဖွန် သဘောအရ အချိုရည်တွေဟာ
ဖန်ခွက်ထဲကို ဆက်လက်ကျဆင်းနေတာ တွေ့ရမှာပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment