Wednesday, March 4, 2015

စိတ်လှုပ်ရှားတဲ့အခါ ဘာ့ကြောင့် အာခေါင်တွေ ခြောက်လာရသလဲ


    လူအများရှေမှာ စကားပြောရတဲ့အခါ အာခြောက်လာတယ်လို့ ပြောတတ်ကြတယ်။ ဘာဖြစ်လို့

အာခြောက်လာရသလဲဆိုတော့ အင်တိုက် အားတိုက် ပြောကြရင်း စိတ်လှုပ်ရှားမှု ဖြစ်လာရပါတယ်။

အဲလို စိတ်လှုပ်ရှားမှု ဖြစ်လာတာနဲ့အမျှ လူ့ခန္ဓာကိုယ်မှာဖွဲ့စည်းပါဝင်နေတဲ့ အာရုံကြောစနစ်ဟာ ပုံမှန်

အနေအထားကနေ ခေတ္တ ပုံပျက်သွားတယ်။ အဲဒီအခါ ပုံမှန်ထွက်လာစေတဲ့တံတွေးလို

အရည်ကြည်တွေကို ထုတ်ပေးတဲ့အနေအထား ပျက်သွားရတယ်။


    အာရုံကြောက တံတွေးထွက်လာမယ့် လမ်းကြောင်းက ဂလင်းတွေကို တွန်းဖိလိုက်သလို ဖြစ်

သွားတာမို့ တံတွေးလိုအရည်ကြည်တွေ ထုတ်မပေးနိုင်တော့ပါ။ အဲဒီလို အရည်ကြည်တွေ မရှိတာကို

အာခြောက်တယ်လို့ ပြောရတော့တာပေါ့။ အာရုံကြောစနစ်တွေဟာ အလွန် အံ့သြဖို့

ကောင်းလောက်အောင်ကို နူးညံ့သိမ်မွေ့စွာ လှုပ်ရှားနေတာ ဖြစ်တယ်။ ဒါ့ကြောင့် စိတ်အေးလက်အေး

စကားပြောတဲ့အခါ စိတ်လှုပ်ရှားမှု နည်းတာကြောင့် လည်ချောင်းခြောက်တဲ့ အဖြစ်မျိုး မဖြစ်စေနိုင်ပါ။

    ရုတ်တရက် အင်တိုက်အားတိုက် ဖြစ်လာရတာကို စိတ်လှုပ်ရှားတယ်လို့ ခေါ်နိုင်ပါတယ်။

ကြောက်စရာ လန့်စရာများပေါ်လာရင်တော့ ပိုလို့ ဆိုးတတ်ပါတယ်။ အဲဒီ အခါမျိုးမှာ အစာချေထုတ်တဲ့

စနစ်အပါအ၀င် လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အာရုံကြောစနစ်တွေကို လျှပ်တစ်ပျက် ရပ်နား

သွားစေပါတယ်။ တံတွေးလို အရည်ကြည်တွေ ထုတ်ပေးတဲ့စနစ် အပါအ၀င်ပေါ့။

       ဥပမာ ကျားလို၊ ခြင်္သေ့လို ရန်ပြုမယ့် သတ္တ၀ါတစ်ကောင် လိုက်လာလို့ ပြေးတဲ့အခါ ထမင်း

စားထားပြီးကာစ ဖြစ်စေ ပြေးလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အစာချေဖျက်တဲ့ စနစ်ကို ခေတ္တ

ရပ်ထားလို့ပါပဲ။ ဒါ့ကြောင့် စိတ်လှုပ်ရှားတဲ့အခါတိုင်း လည်ချောင်းမှာ အရည်ကြည် ကင်းမဲ့နေပါလိမ့်မယ်။


                  သိပ္ပံနှင့် နည်းပညာဂျာနယ် အမှတ် (၅) မှ ကူးယူဖေါ်ပြပါတယ်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...