Thursday, October 24, 2013

အကြွေစေ့လေးနဲ့ သူငယ်ချင်းကို စ ရအောင်

.


        သင့်ကို ကတော့တစ်ခု၊ အကြွေစေ့တစ်စေ့ နဲ့ ရေတစ်ဖန်ခွက် ပေးထားပါမယ်။

    သင့် သူငယ်ချင်းကို ပြောလိုက်ပါ။
  
 “ ဟောဒီ ကတော့ကို မင်းရဲ့ရှေ့ ခါးကြားထဲမှာ ညှပ်ထားမယ်။ ပြီးရင်မင်းရဲ့ မျက်နှာကို မော့ထားပြီး မင်းရဲ့

နှာခေါင်းပေါ်မှာ အကြွေစေ့လေးကို တင်ထားမယ်။ ခဏနေရင် အကြွေစေ့လေးဟာ သူ့အလိုလို

မင်းလည်းမကိုင်၊ ငါလည်း မကိုင်ပဲနဲ့ ကတော့ထဲကို အလိုလို ရောက်သွားလိမ့်မယ်” အဲဒီတော့

သူငယ်ချင်းက မယုံဘူးတဲ့ ကဲ ဘယ်လိုလုပ်မလဲ။


           လုပ်ပုံလုပ်နည်းလေးကို အောက်က အပြည့်အစုံ ဖတ်ရန်မှာ နှိပ်ပြီး  ကြည့်လိုက်ပါနော်။





ပထမဆုံး ကတော့ကို သူ့ရဲ့ ခါးကြားထဲမှာ ဒီလို ညှပ်ပေးလိုက်ပါ။



ပြီးရင် သူ့ရဲ့ မျက်နှာကို အပေါ်ကို တည့်တည့်မော့ခိုင်းလိုက်ပြီး အကြွေစေ့လေးကို သူ့ရဲ့ နှာခေါင်းပေါ်မှာ

အသာအယာ တင်ပေးထားပါ။


 ခဏနေရင် ရေဖန်ခွက်ထဲက ရေကို ကတော့ထဲကို လောင်းချလိုက်ပါ။

ဒါဆို သူ့အောက်ပိုင်းမှာ ရေတွေ ရွှဲစိုသွားတဲ့အတွက် သူဟာ အထိတ်တလန့်နဲ့ ငုံပြီး ကြည့်ပါမယ်။

အဲဒီအခါ နှာခေါင်းပေါ် တင်ထားတဲ့ အကြွေစေ့လေးဟာ ကတော့ထဲကို အလိုလို

ကျသွားတာ တွေ့ရပါလိမ့်မယ်။



ဒါပေမယ့် တစ်ခုတော့ သတိထားနော် သင့်သူငယ်ချင်းရဲ့ ဒီလို ရန်လုပ်တာလည်း ခံရနိုင်ပါတယ်။



           သူငယ်ချင်းတို့ ပျော်ရွှင်ကြပါစေ။ လက်သီးနဲ့ အထိုးခံရရင်တော့ ကျနော်အပါဝူးနော်............။

         

   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...