Saturday, October 19, 2013
ရေခဲတုံးလေးကို ဆွဲထုတ်ကြည့်ရအောင်
သင့်ကို အချိုရည် ဖန်ခွက် တစ်ခွက်နဲ့ အချိုရည်ထဲမှာ ရေခဲတုံးလေး တစ်တုံး ထည့်ထားပြီး ကြိုးလေး
တစ်ချောင်းပေးထားပါမယ်။ အဲဒီ အချိုရည်ထဲက ရေခဲတုံးလေးကို လက်နှင့် မကိုင်ဘဲ ကြိုးကလေးနဲ့
ဆွဲထုတ်ရမှာပါ။
ကဲ ဘယ်လိုလုပ်ကြမလဲ။ အဖြေကို အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး ကြည့်လိုက်ပါနော်။
ရေခဲတုံးကလေးရဲ့ အပေါ်ကို ကြိုးလေးကို တင်လိုက်ပါ။ ပြီးရင် ကြိုးတင်ထားတဲ့နေရာ ရေခဲတုံးလေးရဲ့
အပေါ်မှာဆား အနည်းငယ် ဖြူးလိုက်ပါ။ ခဏအကြာမှာ ဆားပုံထားတဲ့ နေရာမှာ ခဲကပ် သွားပြီး
ကြိုးကလေးက ရေခဲတုံးမှာ ကပ်သွားပါမယ်။
အဲဒီအခါ ဒီလို အသာလေး ဆွဲတင်လိုက်ရုံပေါ့။
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment