Thursday, October 3, 2013

ကမ္ဘာ့အသန်မာဆုံး အမျိုးသမီးငယ်






         သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က

Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို

သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်း

ကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။

        Varya ရဲ့ ကြွက်သားတွေက မြင်သာတယ်ဆိုယုံလေးပါ အရမ်းကြီးသန်မာထွားကြိုင်နေတာတော့

မဟုတ်ခဲ့ဘူး ။ ဒါပေမယ့် သူ့ရဲ့ အလေးချိန်တွေကို ` မ ´ နိုင်တဲ့ စွမ်းအင်ကတော့ အံ့သြလောက်စရာပါပဲ ။

သူ့မှာ တောင့် တင်းတဲ့ ခန္ဓာနဲ့ ကြိုးတွေလိုအရွတ်တွေလည်းပိုင်ဆိုင်ထားတယ် ။ Varya ကပြောတာ

ကတော့ ` ကျွန်မ ကြီးထွားချင်ပါတယ်တကယ့်ကို ကြီးထွားချင်ပါတယ် ၁၉၀ စင်တီ မီတာလောက်

အရပ်မြင့်ပြီးကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ်ထက်ပိုလေးချင်ပါတယ် ဖေဖေ့လိုပေါ့ ´ တဲ့ ။ တ

ကယ်တော့ Verya ဟာ သူမအတန်းမှာလည်း အတော်ဆုံးကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ် ။

အခုဆို သူမ ၇ တန်းကိုတက်ရောက်နေပြီဖြစ်ပါတယ် ။

ref:သက်တန့်ချို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...