Monday, September 9, 2013
ကြက်ဥ နဲ့ ကြက်မ ဘယ်ကစ
လူရွှင်တော်များ မကြာခဏ ပျက်လုံးထုတ်ခဲ့ကြတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ သဘာဝအရ
သက်ရှိအားလုံးသည် ၎င်းတို့၏ DNA ပြောင်းလဲမှုများအရ ဖြစ်ပေါ်ခဲ့ကြသည်ဟု ဆိုရပါမည်။
DNA (Desoxyribonucleic acd) သည် မျိုးရိုးဇာတိလက္ခဏာများကို သယ်ဆောင်ထားသည့်
ကိုယ်ခန္ဓာဆဲလ်တွင် ပါဝင်သည့် ပစ္စည်းဖြစ်ပြီး DNA မော်လီကျူး တစ်ခုသည် မျိုးရိုးဗီဇတစ်ခုလို့
ဆိုပါတယ်။ ကြက်ကဲ့သို့ သတ္တ၀ါတစ်ကောင်သည် အဖို sperm cell ခေါ် ဖိုဗီဇ သို့မဟုတ်
ဖိုမျိုးပွားဆဲလ်မှ DNA နှင့် အမမျိုးဥ ovum တို့ ဆုံကြရာတွင် zygote ခေါ် သန္ဓေဥ သို့မဟုတ်
မျိုးဥအဖြစ် ပေါင်းစပ် ဖွဲ့စည်းသွားပါတယ်။ ၎င်းသည် ကြက်ငယ်ကလေး၏ ပထမဆုံးဆဲလ်ဖြစ်သည်။
အဆိုပါ ဆဲလ်မှ အစပြု၍ မရေမတွက် နိုင်လောက်အောင် များပျားသော ဆဲလ်များ ခွဲထွက်လာကာ
ကြက်ကောင်ငယ်လေး၏ ပြည့်စုံသော ပုံစံကို ဖြစ်စေခဲ့ ပါတယ်။ သို့ဖြစ်၍ မည်သည့် တိရစ္ဆာန်၊
သတ္တ၀ါများမဆို ဆဲလ်တိုင်းတွင် တူညီသော DNA ပါရှိကြသည်။ DNA သည် zygote မှ
ဆင်းသက်လာသည်ဟု ဆိုပါတယ်။
သို့ဖြစ်၍ ကြက်ငယ်များသည် ကြက်ဘ၀မှ တိုက်ရိုက် ပြောင်းလည်းလာခြင်း မဟုတ်သလို၊
ဥမှ စတင်ဖြစ်ထွန်း လာခြင်းလည်း မဟုတ်ပါ။ အဖို DNA နှင့် အမမျိုးဥတို့ ပေါင်းစပ်ရာမှ
ဖြစ်ပေါ်သော အပြောင်းအလဲသာ ဖြစ်သည်။ တစ်နည်းအားဖြင့် သန္ဓေဥအဖြစ် ထုတ်လုပ်ပေးမည့်
DNA သို့ သန္ဓေပြောင်းခြင်း ဖြစ်သည်။ အဆိုပါ တစ်ခုတည်းသော သန္ဓေဆဲလ်မှ ပထမဆုံး
ကြက်သားငယ် အစစ်အမှန်ကို ဖြစ်စေပါသည်။ ၎င်းသန္ဓေဆဲလ်ကို ကြက်ဥဟုခေါ်သည့်
အိမ်အတွင်း ထည့်သွင်းထားပါသည်။ သို့ဖြစ်၍ ကြက်ဥကိုသာ မြင်ရခြင်း ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment