Monday, September 9, 2013
လေယာဉ်တွေ ပက်လက် ပျံတဲ့အခါ ဘာ့ကြောင့် အောက်ပြုတ်မကျရတာလဲ
သာမာန်လေယဉ်ပျံတွေမှာ အပေါ်ကို တဖြည်းဖြည်း မော့တက်သွားပြီး ရေပြင်ညီ လားရာမျိုးနဲ့
မောင်းနိုင်အောင် လေယဉ်အတောင်ပံတွေကို ပုံစံပြုထားတာပါ။ တကယ်တော့ လေထဲမှာ ပျံဝဲနိုင်ဖို့
အဓိက အကြောင်းအချက်ကတော့ အတောင်ပံကို လေက တိုက်ခတ်စေတဲ့ angle ပါပဲ။
သာမာန်အားဖြင့် လေယဉ်တစ်စင်း၏ အတောင်ပံတွေဟာ ရေပြင်ညီထက် ၄ ဒီဂရီလောက်
စောင်းပေးထားတတ်ပါတယ်။ တစ်နည်းပြောရရင် လေယဉ် ကိုယ်ထည်ကြီးရဲ့ ဗဟိုမျဉ်းထက် ၎
ဒီဂရီစောင်းပြီး တပ်ပေးထားတဲ့ သဘောပါ။ ဒါကို အတောင်ပံတစ်ခုရဲ့ chord angle လို့ခေါ်ပါတယ်။
ဒါ့ကြောင့်မို့ လေယဉ်ကိုယ်ထည် တည့်တည့် ရေပြင်ညီပုံစံအတိုင်းရှိနေတဲ့အခါ လေယဉ်
အတောင်ပံကို ၄ ဒီဂရီစောင်းကာ ၀င်ရောက် တိုက်ခတ်နေပါတယ်။ လူတစ်ယောက် လေထဲမှာ
ဒိုင်ဗင်နဲ့ ပျံဝဲလိုတဲ့အခါ လက်ကို ၄၅ ဒီဂရီလောက် တန်းပြီး မြှောက်ထားတာကို တွေ့မြင်ရမိကြမှာပါ။
သူ့လက်ကတော့ လေယဉ်အတောင်ပံ ပုံစံမျိုးတော့ မရှိပါ။ ဒါပေမယ့် အတောင်ပံမှာ ရှိနေတဲ့ ၄ ဒီဂရီ
အစောင်းမျိုးကို လက်ဖ၀ါးနဲ့ လုပ်ယူနိုင်ပါတယ်။
အဲဒီ အကြောင်းအရာကို အခြေခံပြီး အထက်အောက် လှန်ပြီး ပြန်သန်းလို့ ရနိုင်တာဖြစ်တယ်။
လေယဉ်ခေါင်း နှုတ်သီးကလည်း လေယဉ်ကိုယ် အထက်ကို အနည်းငယ် လှန်ပေးထားတာကိုလည်း
တွေ့နိုင်မှာပါ။ အဲဒါက အတောင်ပံရဲ့ chord angle ကို မေးလွှဲသဏ္ဍာန် ပြုလုပ်ထားပေးဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် လေထဲတွင်မူ angle ကို လေစီးကြောင်းအတိုင်း ရှိသွားတဲ့အခါ အပေါ်ကို ပျံတက်တဲ့အား
ပြန်ရသွားပါလိမ့်မယ်။ အဲဒီလို လှန်လိုက်၊ မှောက်လိုက် လုပ်တဲ့အခါမှာ အကြီးဆုံး ပြဿနာတစ်ခု
ကတော့ အင်ဂျင်စက် သေမသွားဖို့ပါပဲ။ အင်ဂျင်စက် သေသွားတာနဲ့ ပြုကျသွားမှာပါ။
လေယဉ်အင်ဂျင်မှာ တပ်ထားတဲ့ ဆီလိုင်းစနစ်၊ ချောဆီ စနစ်တွေဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို
မလွန်ဆန်နိုင်ကြပါဘူး။ ဒါ့ကြောင့် ပက်လက် ဖြစ်သွားချိန်မှာ ဆီလိုင်း၊ ချောဆီလိုင်းစနစ်တွေ ရပ်တန့်
သွားစေနိုင်ပါတယ်။
ဒါ့ကြောင့် အဲလို ပျံသန်းတဲ့ ဂျက်လေယဉ်တွေမှာ လောင်စာဆီ၊ ချောဆီစနစ်တွေကို အထူး
စီမံထားရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment