Monday, September 16, 2013
ဟမ္ဘာဂါ အကြောင်း
အတိုဆုံးနည်းနဲ့ပြောရရင် ဟမ်ဘာဂါဆိုတာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်ခ်ျမြို့(Hamburg) က
လာလို့ ဟမ်ဘာဂါလို့ ခေါ်တာပေါ့ဗျာ။ ဟမ်ဘာဂါကို တစ်ချိန်က အာရှအလယ်ပိုင်းနဲ့ ဥရောပတိုက်အရှေ့
ဖျားတွေမှာ ကြီးစိုးခဲ့ကြတဲ့ တာတာလူမျိုးတွေက စခဲ့တာပါ။ သူတို့ဟာ မြင်းများနဲ့ အမြဲတမ်းလိုလို
လှည့်လည် သွားလာနေတတ်ကြလို့ သွားလေရာမှာ အမဲသားကို နုပ်နုပ်စဉ်းပြီး နူးအောင်လုပ်ထားပြီး
မြင်းကုန်းနှီးအောက်မှာ ထည့်ထားကြပါတယ်။ ခရီးသွားရင်း စားနိုင်အောင်လို့ပါ။ အဲဒီကမှ တစ်ဆင့်
ဂျာမဏီနိုင်ငံကိုရောက်သွားလို့ ဂျာမန်လူမျိုးတွေက အမဲသားကို အမွှေးနံ့သာတွေ ရောနှောပြီး ပိုပြီး
ကောင်းမွန်အောင် ပြုပြင် ချက်ပြုတ်ကြပါတယ်။ ၎င်းကို Hamburg steak လို့ ခေါ်ကြပါတယ်။
ဂျာမန်များမှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်ရဲ့ စားပွဲရုံတွေမှာ
၁၈၈၀ ပြည့်နှစ်များကတည်းက ရနိုင်နေပြီလို့ဆိုပါတယ်။ ၁၉၀၄ ခုနှစ်က စိန့်လူးဝစ်မှာ ပြုလုပ်ခဲ့တဲ့
ကမ္ဘာ့ပြပွဲတစ်ခုမှာတော့ ဟမ်ဘာဂါသည် လူသိများတဲ့ စားဖွယ်တစ်ခုအဖြစ် ထင်ရှားလာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် အပြီးမှာ အမေရိကန် ပြည်ထောင်စုအတွင်းအဓိက စားဖွယ်တစ်ခုအဖြစ် အံ့သြဖွယ်
ပျံ့နှံ့သွားခဲ့ပြီး စားသောက်ဆိုင်များလည်း များပြားစွာ ဖွင့်လှစ်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊
ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဘာနာဒီနိုမြို့မှာ စတင် ဖွင့်လှစ်ခဲ့တဲ့Mc Donald ရဲ့ ဟမ်ဘာဂါဟာ
ကမ္ဘာအနှံ့ ပျံ့ခဲ့ပါတယ်။
အခုအခါမှာတော့ ကမ္ဘာ့တိုင်းပြည် ၁၂၀ မှာ စားသောက်ဆိုင်ပေါင်း နှစ်သောင်းခြောက်ထောင်
ကျော်က ဟမ်ဘာဂါပေါင်း သန်းနှင့်ချီ၍ ထုတ်လုပ်ရောင်းချနေပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment