Thursday, September 19, 2013
ကမ္ဘာ့ပထမဆုံး မေထုန်မဲ့ ဆင်သန္ဓေသား မွေးဖွား
သြစတေးလျနိုင်ငံ ဗီယင်နာမြို့ Schoenbrunn တိရစ္ဆာန်ရုံတွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင်းက
ကမ္ဘာ့ပထမဦးဆုံး မေထုံမဲ့ ဆင်သန္ဓေသားကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ တိုဂါ အမည်ရှိ
ဆင်မကြီးသည်၁၉၉၈ ခုနှစ်ကတည်းက ယင်းတိရစ္ဆာန်ရုံသို့ ရောက်ရှိခဲ့ပြီး တောင်အာဖရိကနိုင်ငံ
ကာဝါဇူလာနာတယ်လ်ပြည်နယ်မှ တောဆင်ရိုင်းတစ်ကောင်၏ သုတ်သွေးကို အသုံးပြုပြီး တိုဂါ
ဆင်မကြီးကို သိပ္ပံပညာရှင်များကသန္ဓေဆောင်စေခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဆင်တိုင်းသည်
ယခုကဲ့သို့ မေထုန်မဲ့ ပဋိသန္ဓေဆောင်ရန်ခဲယဉ်းသော်လည်း တိုဂါ ဆင်မကြီးက ဆင်ဖို၏ သုတ်သွေးကို
လက်ခံခဲ့မှုကြောင့် ယင်းသို့ အောင်မြင်စွာဆင်ပေါက်များစွာကို မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း
Schoenbrunn တိရစ္ဆာန်ရုံမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူသောမက်စ်ဗိုရာဆက် က ပြောကြားသွားခဲ့သည်။
(AP , 7.9.13) ကိုစိုး
Ref: ပြည်မြန်မာဂျာနယ် (၁၂. ၉ . ၁၃ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment