Wednesday, September 18, 2013
ကမ္ဘာ့လျှာအရှည်ဆုံးလူသား၏ လျှာမှာ ဆက်လက်ကြီးထွားနေဆဲ
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ၉ ဒဿမ စင်တင်မီတာဖြင့် ကမ္ဘာ့လျှာအရှည်ဆုံး လူသားဆုကို
ရရှိခဲ့သူအသက် ၅၀ နှစ်အရွယ်ဗြိတိန်နိုင်ငံသား စတီဖင်တေလာသည် ၎င်း၏ လျှာမှာ ပိုမိုကြီးထွား
လာကြောင်း ထုတ်ဖေါ်ပြောကြားလိုက်သည်။
၎င်း၏ ဂင်းနစ်စံချိန်အား ကျော်ဖြတ်အနိုင်ယူလိုသူများက ၎င်း၏လျှာနှင့် လာရောက်နှိုင်းယှဉ်
တိုင်းတာလိုက်သည့်အခါ ၎င်း၏ မူလအရှည်ထက် ၀ ဒဿမ ၃ စင်တင်မီတာ ပိုမိုရှည်လျားခဲ့ကြောင်း
တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့စံချိန် ဂင်းနစ် ပညာရှင်များကလျှာ၏ အရှည် အတိုင်းအတာကို ဆုံးဖြတ်
ရာတွင်ယှဉ်ပြိုင်သူများ၏ လျှာရင်းအလယ်မှ လျှာထိပ်ဖျား အချွန်အထိ တိုင်းတာဆုံးဖြတ်ခဲ့ကြခြင်း
ဖြစ်ပြီး စတီဖင်၏လျှာအရှည်မှာ ၉ ဒဿမ ၈ စင်တင်မီတာဖြစ်လာသဖြင့် ယခင်ကရရှိထားသော
ကမ္ဘာ့ လျှာအရှည်ဆုံးလူသားစံချိန်ကို ၎င်းကိုယ်တိုင် ပြန်ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။ စတီဖင်ကမူ ရုပ်သံ
ဌာနများမှ ၎င်း၏ လျှာအကြောင်း မကြာခဏ လာရောက်ရိုက်ကူးလေ့ရှိပြီး ရိုက်ကူးသည့်အကြိမ်တိုင်း
၎င်း၏လျှာကို မကြာခဏ ထုတ်ပြနေခဲ့သဖြင့် ယခုကဲ့သို့ ထပ်မံ ရှည်လျား ကြီးထွားလာခြင်းဖြစ်မည်
ဟု ဟာသနှောကာ ပြောကြားသွားခဲ့သည်။
(Mirror, 9.9.13) သံသာ
Ref: ပြည်မြန်မာဂျာနယ် (၁၂.၉.၁၃)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment