Wednesday, September 18, 2013
နှစ်ဝင်အတွင်း စာအုပ်ပေါင်း ၈၇၅ အုပ်ဖတ်ခဲ့သော ၅ နှစ်အရွယ် မူလတန်း ကျောင်းသူလေး
အမေရိကန် ပြည်ထောင်စု လူဝီစီယားနား ပြည်နယ် လိတ်ခ်ချားစ်မြို့ရှိ T.S.Cooley မူလတန်း
ကျောင်းမှ အသက်ငါးနှစ်အရွယ် ကျောင်းသူလေး တစ်ဦးသည် ယခုနှစ်ဝက်အတွင်း စာအုပ်ပေါင်း
၈၇၅ အုပ်ကို ဖတ်နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ပုဒ်အရ သိရသည်။
အဆိုပါ မူလတန်း ကျောင်းသူလေး၏ အမည်မှာ ဆိုဖီယာမော့စ် ဖြစ်ပြီးသူမသည် စာဖတ်ခြင်းကို
အထူး ဝါသနာပါပြီး အားလပ်ချိန်တိုင်းတွင် စာအုပ်များကို ဖတ်ခြင်းဖြင့် ပျော်မွေ့နေသောကြောင့်
T.S.Cooley မူလတန်းကျောင်း၏ ကျောင်းစာကြည့်တိုက် အတွက် စာအုပ်များ ထပ်မံမှာယူ ရလိမ့်မည်
ဖြစ်ကြောင်း ကျောင်းစာကြည့် တိုက်မှူး မေရီလာနီယာက ပြောကြားသည်။ ဆိုဖီယာသည် သူမ၏
အသက် နှစ်နှစ်ခွဲ အရွယ်မှ စတင်၍ Elmo စာအုပ်များကို ဖတ်ရှုခဲ့ကြောင်း၊ အသက်ငါးနှစ် အရွယ်နှင့်
ခြောက်လအတွင်း စာအုပ်ပေါင်း ၈၇၅ အုပ်ကို ဖတ်နိုင်ခဲ့သည့် သမီးငယ်သည် ဘာသာစကားများ
သင်ယူခြင်းနှင့် LeapFrog စာအုပ်များကို ဖတ်ရှုရာတွင် မြန်မြန်ဆန်ဆန်ဖြင့် ဖတ်ရှုသင်ယူနိုင်ကြောင်း
ဆိုဖီယာ၏ ဖခင်ဖြစ်သူက ပြောကြားသည်။သူမသည် စာဖတ်ခြင်းကို အလွန် နှစ်သက်ကြောင်း၊
စာဖတ်ခြင်းသည် သူမကို ပျော်ရွှင်မှုများ ပေးအပ်နိုင်ကြောင်းနှင့် တစ်ညလျှင် စာအုပ်ခြောက် အုပ်ခန့်ကို
ဖတ်ရှုလေ့ရှိကြောင်း ဆိုဖီယာက ပြောကြားခဲ့သည်။
လိတ်ခ်ချားဂ်စ် ဇွန် ၎
Subscribe to:
Post Comments (Atom)
No comments:
Post a Comment