Thursday, September 12, 2013

ခုဂဏန်း ၅ ဖြစ်သော နှစ်လုံးတွဲကိန်း နှစ်လုံး စိတ်တွက် အမြန်မြှောက်နည်း (၂)

    မင်္ဂလာပါ သူငယ်ချင်းတို့ ခင်ဗျား......

             ဒီနေ့တော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့ ခုဂဏန်း ၅ ဖြစ်ပြီး ဆယ်ဂဏန်းချင်း မတူတဲ့

နှစ်လုံးတွဲဂဏန်း စိတ်တွက်အမြန်မြှောက်နည်းလေးကို ဆက်လက်တင်ပြပေးပါမယ်။ အရင် တစ်ခေါက်

က တင်ပြခဲ့တဲ့ နံပါတ် (၁) နည်းကလေးကို လူသိတော်တော်များကြပေမယ့် ဒီ နံပါတ် (၂) နည်းကလေး

ကိုတော့ သိတဲ့လူ နည်းပါတယ်။ မူကွဲသွားတော့ အနည်းငယ်လေး ရှုပ်သွားတော့ မသိကြတာလည်း

ဖြစ်မှာပါ။ ရှုပ်တယ်ဆိုရာမှာလည်း အရမ်းကြီး ခက်ခဲရှုပ်ထွေးတာ မဟုတ်ပါဘူး နဲနဲလေးပါပဲ။ သေသေ

ချာချာ ဂရုစိုက်လိုက်ရင် အရမ်းကို လွယ်ကူပါတယ်။

    ကဲ နံပါတ် (၂) နည်းကလေး စလိုက်ရအောင်..........

           ဒီနံပါတ် (၂) နည်းမှာတော့ တင်ပြရမှာက အပိုင်း နည်းနည်းလေး ပိုမှတ်သားဂရုစိုက်ရမှာ

လေးတွေတော့ ရှိပါတယ်။

    ခုဂဏန်း ၅ ဖြစ်သော်လည်း ဆယ်ဂဏန်းချင်း မတူကြတဲ့ နှစ်လုံးတွဲဂဏန်းချင်း မြှောက်ရာမှာ

    ပထမဆုံး

    (၁) မတူတဲ့ ဆယ်ဂဏန်းနှစ်လုံးကို  မြှောက်လိုက်ပါ။

    (၂) မတူတဲ့ ဆယ်ဂဏန်းနှစ်လုံးကို ပေါင်းလိုက်ပြီး ရလာတဲ့ အဖြေကို ၂ နဲ့ စားလိုက်ပါ။

          ဒီနေရာမှာ စားလို့ ပြတ်ချင် ပြတ်မယ်၊ မပြတ်ရင် ဒဿမ ၅ နဲ့ အဖြေထွက်ပါမယ်။

    (က) ၂ နဲ့ စားလို့ ပြတ်ရင် အဲဒီ အဖြေကို စောစောက မတူတဲ့ ဆယ်ဂဏန်း နှစ်လုံး

           မြှောက်လို့ရတဲ့ အဖြေနဲ့ ပြန်ပေါင်းရပါမယ်။ ပြီးရင် နောက်ဆုံးမှာ ၂၅ တပ်ပေးလိုက်ပါမယ်။

    (ခ) ၂ နဲ့ စားလို့ မပြတ်ပဲ ဒဿမ ၅ နဲ့ အဖြေထွက်ခဲ့ရင် အဲဒီ ဒဿမ ၅ ကိုဖြုပစ်လိုက်ပြီး

          ရှေ့က ကိန်းပြည့်နဲ့ စောစောက မတူတဲ့ ဆယ်ဂဏန်း နှစ်လုံး မြှောက်လို့ရတဲ့ အဖြေနဲ့

           ပြန်ပေါင်းရပါမယ်။ ပြီးရင် နောက်ဆုံးမှာ ၇၅ တပ်ပေးလိုက်ပါမယ်။
   
   
    ကဲ ရှင်းသွားအောင် ပုစ္ဆာလေးတွေနဲ့ ဥပမာ တွက်ပြပေးပါမယ်။


    ဥပမာ ပုစ္ဆာ (၁)

        ၄၅   နဲ့   ၂၅   နဲ့ မြှောက်ပါမယ်။

    ခုဂဏန်း ၅ ချင်းတူသော်လည်း ရှေ့က ဆယ်ဂဏန်းများ ဖြစ်ကြတဲ့ ၄ နဲ့ ၂ တို့ဟာ မတူကြ

             ပါဘူး ဒီတော့

    (၁)   မတူတဲ့ ဆယ်ဂဏန်းနှစ်လုံးကို  မြှောက်လိုက်ပါ။    ၄ x ၂ = ၈

    (၂) မတူတဲ့ ဆယ်ဂဏန်းနှစ်လုံးကို ပေါင်းလိုက်ပြီး ရလာတဲ့ အဖြေကို ၂ နဲ့ စားလိုက်ပါ။

                 ၄ +  ၂  = ၆  ရပါတယ်။  အဲဒီ ၆ ကို ၂ နဲ့ စားလိုက်ပါဆိုတဲ့အတွက်  ၃  ရပါတယ်။

    အဲဒီ ၃ ကို စောစောက မတူတဲ့ ဆယ်ဂဏန်း နှစ်လုံး မြှောက်လဒ် ၈ နဲ့ ပြန်ပေါင်းရင်

               ၁၁ ရပါတယ်။ ၂ နဲ့ စားလို့ ပြတ်တဲ့အတွက် နောက်ဆုံးက ၂၅ တပ်ပေးလိုက်ရင် အဖြေဟာ

    ၁၁၂၅  ပဲပေါ့   ဒါပါပဲ။


   
    ဥပမာ ပုစ္ဆာ (၂)

    ဒီတစ်ခါတော့                        ၃၅  နဲ့    ၅၅     မြှောက်ပါမယ်။

    (၁) မတူတဲ့ ဆယ်ဂဏန်းနှစ်လုံးကို  မြှောက်လိုက်ပါ။    ၃ x ၅ = ၁၅      ရပါတယ်။

    (၂) မတူတဲ့ ဆယ်ဂဏန်းနှစ်လုံးကို ပေါင်းလိုက်ပြီး ရလာတဲ့ အဖြေကို ၂ နဲ့ စားလိုက်ပါ။

         ၃ + ၅  = ၈  ရပါတယ်။ အဲဒီ ၈ ကို ၂ နဲ့စားရင် ၄ ရပါမယ်။ 

              အဲဒီ ၄  ကို စောစောက မတူတဲ့ ဆယ်ဂဏန်း နှစ်လုံး မြှောက်လဒ် ၁၅ နဲ့ ပြန်ပေါင်းရင်

              ၁၉ ရပါတယ်။ ၂ နဲ့စားလို့ ပြတ်တဲ့အတွက် နောက်ဆုံးမှာ ၂၅ တပ်ပေးရမှာပါ။ ဒီတော့

    အဖြေက ၁၉၂၅ ပါ။

   

    ဥပမာ ပုစ္ဆာ (၃)

    ဒီတစ်ခါတော့              ၄၅ နဲ့   ၃၅     မြှောက်ပါမယ်။

    (၁)   မတူတဲ့ ဆယ်ဂဏန်းနှစ်လုံးကို  မြှောက်လိုက်ပါ။    ၄ x ၃ = ၁၂    ရပါမယ်။

    (၂) မတူတဲ့ ဆယ်ဂဏန်းနှစ်လုံးကို ပေါင်းလိုက်ပြီး ရလာတဲ့ အဖြေကို ၂ နဲ့ စားလိုက်ပါ။

                 ၄ +  ၃  = ၇  ရပါတယ်။  အဲဒီ ၇ ကို ၂ နဲ့ စားလိုက်ပါဆိုတဲ့အတွက်  ၃.၅  ရပါတယ်။

    ဒီနေရာမှာ ၂ နဲ့စားလို့ရတဲ့အဖြေက မပြတ်ဘဲ ဒဿမ ၅ ပါနေတဲ့အတွက် အဲဒီ ဒဿမ ၅ ကို

    ဖြုတ်ပြီး ရှေ့က ကိန်းပြည့် ၃ နဲ့ စောစောက မတူတဲ့ ဆယ်ဂဏန်း နှစ်လုံး မြှောက်လဒ် ၁၂ နဲ့

             ပြန်ပေါင်းရင် ၁၅ ရပါတယ်။  (ဒီနေရာလေး နည်းနည်း သတိထားရမှာပါပဲ)။ ၂ နဲ့ စားလို့

မပြတ်တဲ့ အတွက် နောက်ဆုံးမှာ ၇၅ တပ်ပေးရမှာပါ။

     ဒါဆို အဖြေက ၁၅၇၅  ပဲပေါ့။

    ဒီနည်းလေးက အရမ်းမခက်လှပါဘူး အလေ့အကျင့်များများလုပ်ပြီး ပုစ္ဆာလေးတွေ ဖန်တီးပြီး

တွက်ကြည့်လိုက်ကြပါ ပျော်ရွှင်စရာလည်း ကောင်းပြီး အလွန်လွယ်ကူပါတယ်။


        ညီငယ် ညီမငယ်များ သင်္ချာကြောက်ရွံ့ခြင်းဘေးမှ ကင်းဝေးကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...