Thursday, September 12, 2013

ခုဂဏန်း ၅ ဖြစ်သော နှစ်လုံးတွဲကိန်း နှစ်လုံး စိတ်တွက်အမြန် မြှောက်နည်း (၁)

    မင်္ဂလာပါ ချစ်သူငယ်ချင်းများခင်ဗျား.......

    ဒီနေ့ တင်ပြမှာလေးကတော့ အခြေခံ ပညာအဆင့် ကျောင်းသားကျောင်းသူများအတွက်

ဂဏန်း သင်္ချာ အလွယ်မြှောက်နည်းလေးပါပဲ။ ဒီနည်းလေးကို တစ်ချို့ တော်တော်များများလည်း သိကြ

ပါတယ်။ ဒါပေမယ့် မသိသေးတဲ့ ကျောင်းသားကျောင်းသူ ညီငယ်ညီမငယ်များလည်း ရှိနေသေးတဲ့ အ

တွက် ပြန်လည်တင်ပြရခြင်း ဖြစ်ပါတယ်။

    တင်ပြမယ့် နည်းကလေးကတော့ ၅ နဲ့ ဆုံးတဲ့ နှစ်လုံးတွဲဂဏန်း နှစ်ခု စိတ်တွက် အမြန်

မြှောက်နည်းလေးပါပဲ။ ဒီနည်းလေးမှာ တင်ပြရမှာက နှစ်ပိုင်း ရှိပါတယ်။

    (၁) ခုဂဏန်းက ၅ ဖြစ်ပြီး၊ ဆယ်ဂဏန်းချင်း တူတဲ့ နှစ်လုံးတွဲမြှောက်နည်း နဲ့

     (၂) ခုဂဏန်းက ၅ ဖြစ်ပြီး၊ ဆယ်ဂဏန်းချင်း မတူတဲ့ နှစ်လုံးတွဲ မြှောက်နည်းတို့ ဖြစ်ပါတယ်။

ခု နံပါတ်တစ် နည်းကလေးကို စကြည့်လိုက်ရအောင် .........


                 ဥပမာ -

     ၃၅ နဲ့ ၃၅ နဲ့ မြှောက်ပါမယ်။

    ဒီနေရာမှာ ခုဂဏန်းဟာ ၅ ဖြစ်ပြီး ဆယ်ဂဏန်းဖြစ်တဲ့ ၃ နဲ့ ၃ ဟာလည်း တူညီကြပါတယ်။

    အဲလိုဆိုရင် အဲဒီဂဏန်းနှစ်လုံးရဲ့ အဖြေကို စိတ်တွက်နဲ့ လွယ်ကူစွာ ချရေးနိုင်ပါတယ်။

    ရေးရမယ့် ပုံစံကတော့ ........

    (၁) ဆယ်ဂဏန်းကို ၁ ပေါင်းလိုက်ပါ။

    (၂) ရလာတဲ့ အဖြေကို ဆယ်ဂဏန်းနဲ့ ပြန်မြှောက်ပါ။

    (၃) အဲဒီ နှစ်လုံးမြှောက်လို့ရလာတဲ့ အဖြေရဲ့ နောက်မှာ ၂၅ တပ်ပေးလိုက်ပါ ဒါပါပဲ။

    လွယ်ပါတယ် ဥပမာကြည့်ပါနော်........

    တွက်နည်း

    (၁) ဆယ်ဂဏန်း ၃ ကို ၁ ပေါင်းလိုက်ပါ။         ၄  ရပါမယ်

    (၂) ရလာတဲ့ အဖြေကို ဆယ်ဂဏန်းနဲ့ ပြန်မြှောက်ပါ။    ၃ x ၄ = ၁၂

    (၃) အဲဒီ နှစ်လုံးမြှောက်လို့ရလာတဲ့ အဖြေရဲ့ နောက်မှာ ၂၅ တပ်ပေးလိုက်ပါဆိုတဲ့အတွက်

        ၁၂ ရဲ့ နောက်မှာ ၂၅ တပ်ပေးလိုက်ရင် အဖြေက   ၁၂၂၅  ဒါပဲပေါ့။


    နောက်တစ်ပုဒ် ရှင်းသွားအောင် ထပ်ကြည့်လိုက်ပါဦးနော်။ ဒီတစ်ခါတော့

     ၇၅   နဲ့    ၇၅ မြှောက်ပါမယ်။

    (၁) ဆယ်ဂဏန်း ၇ ကို ၁ ပေါင်းလိုက်ပါ။         ၈   ရပါမယ်။

    (၂) ရလာတဲ့ အဖြေကို ဆယ်ဂဏန်းနဲ့ ပြန်မြှောက်ပါ။      ၇  x  ၈   =  ၅၆

    (၃) အဲဒီ နှစ်လုံးမြှောက်လို့ရလာတဲ့ အဖြေရဲ့ နောက်မှာ ၂၅ တပ်ပေးလိုက်ပါဆိုတဲ့အတွက်

        ၅၆ ရဲ့ နောက်မှာ ၂၅ တပ်ပေးလိုက်ရုံပါပဲ ဒီတော့ အဖြေက ၅၆၂၅   ပေါ့

    သိပ်ကို လွယ်ပါတယ်နော်။။
    
    ကဲဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ ခုဂဏန်း ၅ ဖြစ်ပြီး ဆယ်ဂဏန်းချင်း မတူတဲ့ နှစ်လုံးတွဲ

မြှောက်နည်းလေးကိုတော့ နောက်ရက်မှာ ဆက်လက် တင်ပြပေးပါမယ်နော်။ ခုတော့ ဒီနည်းလေးကို

ပုစ္ဆာအသစ်ကလေးတွေ ဖန်တီးကြည့်ပြီး ကိုယ့်ဟာကိုယ် လေ့ကျင့်တွက်ကြည့်ထားကြပါဦးနော်။ သိပ်ကို

လွယ်ပါတယ်။ ဂဏန်းသင်္ချာ ကြောက်တတ်တဲ့ ညီငယ်ညီမငယ်လေးများကိုလည်း လေ့ကျင့်သင်ကြား

ပေးလိုက်ကြပါဦး သူတို့လေးတွေ ဂဏန်းသင်္ချာကို မကြောက်ပဲ စိတ်ပျော်ရွှင်လာတာ တွေ့ရမှာပါ။



                 
   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...