ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ချက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စား တတ်ကြသလို အာဟာရ
ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စား တတ်ကြသလို အာဟာရ
စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆို တတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို
ကိုက်လန် ထည့်စား ပေးမယ် ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေ လမ်းကြောင်း စနစ်ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝ မပါပါဘူး။ အမျှင်ဓာတ်
များစွာ ပါဝင် ပါတယ်။ ကိုက်လန် တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။
(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို
(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို
နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင် တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ
ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေ တာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင်
ပို့ပေးတာ၊
ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်း ဆောင်တာကို ကောင်းမွန် စေတာ စတဲ့
အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေ ပါတယ်။
(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်
(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်
ကိုက်လန်မှာ များစွာ ပါဝင်တဲ့
ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်
ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့ အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း
ကာကွယ် ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမား ရောဂါ ခံစား နေရ သူတွေကို သက်သာအောင်
ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။
(4)ကင်ဆာ အမျိုးမျိုးကို ကာကွယ် ပေးပါတယ်
(4)ကင်ဆာ အမျိုးမျိုးကို ကာကွယ် ပေးပါတယ်
ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့
ဖလေဗိုးနွိုက် တို့လို အင်တီ အောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။
ဒီအင်တီ
အောက်ဆီးဒင့် တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်
ပေးနိုင်ပါတယ်။
(5)ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
(5)ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာ တစ်မျိုးပါ။ ကိုက်လန် တစ်ခွက်စာ
ပမာဏမှာ တစ်နေ့တာ
မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ် ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်
တာကြောင့် ရိုးဆစ် ရောင်ရမ်းနာ၊ ပန်းနာ ရင်ကျပ် ရောဂါနဲ့ Autoimmune Disorder တို့ကို
တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။
(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်
(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို
ကျန်းမာ စေတဲ့ အစွမ်း ရှိပါတယ်။ ကိုက်လန်ကို များများ
စားပေးရင် သွေးတွင်း
မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျ စေနိုင် ပါတယ်။
(7) အမြင်အာရုံကို ကောင်းမွန် စေပါတယ်
(7) အမြင်အာရုံကို ကောင်းမွန် စေပါတယ်
ကိုက်လန်မှာ ဗီတာမင်အေ များစွာ
ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန် စေတဲ့အပြင်
အဆုတ်နဲ့
ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ် ပေးပါတယ်။
(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ်
(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ်
ကိုက်လန်မှာ ဗီတာမင်စီ
ပမာဏများစွာ ပါဝင် တာကြောင့် ကိုယ်ခံ စွမ်းအားစနစ်၊ ဇီဝရုပ်
ဖြစ်ပျက်မှုနဲ့
ရေဓာတ် ပြည့်ဝမှုတို့ကို အားပေး ထောက်ပံ့နိုင်စွမ်း ရှိပါတယ်။
(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်
(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ
ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့
ယှဉ်ရင် ကိုက်လန်မှာ
ကယ်လ်စီယမ် ပိုမို ပါဝင် တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့
အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ
အရိုးနုနဲ့ အဆစ်တွေ သန်စွမ်း
ပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။
(10) ကိုယ်တွင်း အဆိပ်တွေကို ကင်းစင် စေပါတယ်
(10) ကိုယ်တွင်း အဆိပ်တွေကို ကင်းစင် စေပါတယ်
ကိုက်လန်ကို အဆိပ် ဖယ်ရှား ပေးနိုင်တဲ့ အစာလို့ တင်စား
ခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ
အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်
နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ်တွေကို
ကင်းစင်စေပြီး အသည်းကို
ကျန်းမာ စေပါတယ်။
ကြယ်စင်
credit to Good Health
မြန်မာ့တိုင်းရင်းဆေးပညာ (ပုသိမ်) မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါတယ်။
No comments:
Post a Comment