သူငယ်ချင်းတို့ကို မီးချစ်ဆံလေး ၆ ချောင်းပေးထားမယ်။ အဲဒီ မီးချစ်ဆံလေး ၆ ချောင်းကို
အသုံးပြုပြီး တြိဂံ ၄ ခု ရအောင် ပြုလုပ်နိုင်ပါ့မလား။
စဉ်းစားပြီး ရလာတဲ့ အဖြေကို အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီးတိုက်ကြည့်လိုက်ပါနော်။
မီးချစ်ဆံလေး ၆ ချောင်းကို ဒီလို ပုံစံဖြစ်အောင် လုပ်လိုက်ပါ။
ပထမ ၃ ချောင်းကို အထက်မှာ စုဆုံစေပြီး ပိရမစ်ပုံစံ ရအောင် ထောင်လိုက်ပါ။
ကျန်တဲ့ သုံးချောင်းကိုတော့ အောက်ခြေ ပတ်ပတ်လည်မှာ စီချပေးလိုက်ပါ။
ဒါဆိုရင် အပေါ်ထောင်နေတဲ့ မျက်နှာပြင်မှာ တြိဂံ ၃ ခုနဲ့ အောက်ခြေမှာ တြိဂံ ၁ ခု၊
စုစုပေါင်း တြိဂံ ၄ ခု ဖြစ်ပေါ်လာမှာပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ကြပါစေဗျာ။
No comments:
Post a Comment