Saturday, August 31, 2013
အိပ်စက်ခြင်းဟာ လူပျော့လူညံ့တွေ အလုပ်လား
အိပ်စက်ခြင်းဟာ လူသားတွေအတွက် အလွန် အရေးကြီးလှပါတယ်။ သို့သော် အံဖွယ်
ဆန့်ကျင်မှုတွေကလည်း ရှိနေပြန်ပါသေးတယ်။ အောင်မြင်နေသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊
သူဌေးသူကြွယ်ကြီးများ၊ ကျော်ကြားနေသော ပညာ ရှင် အများစုသည် သူတို့၏ အတိတ်အကြောင်းကို
ပြန်၍ ပြောကြရာတွင် တစ်ချိန်က သူတို့သည် ၃ နာရီမျှသာ အိပ်စက်ခဲ့ကြ ကြောင်း၊ တစ်နည်းအားဖြင့်
မအိပ်မနေ ကျိုးစားခဲ့ကြကြောင်းများကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောပြ နေတတ်သည်။
သို့ဖြစ်လျှင် အအိပ်အနေ အလွန်နည်းခဲ့ကြသည့် သူတို့၏ ဦးနှောက်များသည် အဘယ့်ကြောင့်
ထက်မြက်နေကြပါ သနည်း။ အိပ်စက်ခြင်းကို ဦးစားပေးခြင်းသည် လူပျော့၊ လူညံ့များ၏ အလုပ်လား။
စာဖတ်သူများအတွက် ၀ိဝါဒ ကွဲပြားစေသည့် အချက် ဖြစ်နေသည်။
အိပ်စက်သည်ဟု ဆိုကြရာတွင် ညနှင့် နေ့ ဘယ်လိုကွာခြားနေပါသနည်း။ အဆိုပါ မေးခွန်းသည်
၂၇ နှစ်အရွယ် Tonny Warren ၏ အမေးဖြစ်သည်။ သူသည် နှစ်အတန်ကြာကပင် ညဘက်များတွင်
အချိန်ပိုင်း စားပွဲထိုးအဖြစ် အလုပ် လုပ်ကိုင်နေပြီး နေ့ဘက်တွင် ကွန်ပြူတာ အင်ဂျင်နီယာဘွဲ့
အတွက် ကျောင်းတက်နေရသူ တစ်ဦးဖြစ်သည်။ သို့အတွက် သူ့ တွင် အိပ်ရေး၀၀ အိပ်ရသည်
ဆိုသည့် စကားလုံးသည် ရယ်စရာလို ဖြစ်နေသည်။ “ကျွန်တော့ အလုပ်ချိန်က ညနေ ၅ နာရီကနေ
နောက်နေ့ မနက် ၃ နာရီ သို့မဟုတ် ၄ နာရီအထိ ဖြစ်ပါတယ်။ အိမ်ရောက်ရောက်ချင်း ချက်ချင်း
အိပ်လို့မှ မရတာ။ ၁ နာရီလောက် စောင့်ရပါသေးတယ်။ နောက်တော့ ၂ နာရီလောက်ဖြစ်လာခဲ့
ပါတယ်။ တကယ် အိပ်မယ်လည်း ပြင်ရော နေ ထွက်လာတော့တာပဲ။
ဒီတော့ နေ့ဘက်မှာလုပ်ရမယ့် အလုပ်တွေအတွက် ပြင်ဆင်ရပြန်ပါတယ်။ ဒါပေမယ့်
ကျွန်တော် နေတတ်နေပါပြီ” Warren သည် ထိုသို့ အိပ်စက်မှုမရှိသည့်တိုင် သူ၏ စိတ်ဓါတ်သည်
တက်ကြွနေသည်ဟု ဆိုသည်။ ထိုသို့သော အဖြစ်အပျက်မျိုးကို ကျွန်တော်တို့ ဘယ်လိုတွေး
ကြည့်မှာလဲ Warren အနေနဲ့ မျက်စိကြောင်နေခြင်းလား၊ အိပ်ပျော်ဖို့ရန် မတတ်နိုင်တော့တာလား၊
တကယ့်ကို မအိပ်ချင်တော့တာလား။
Warren သည် ညစဉ် စားပွဲထိုးခြင်း၊ စားပွဲခင်းများကို လဲပေးခြင်း၊ ရေဖြည့်ပေးခြင်း စသည့်
အလုပ်များကို လုပ်နေရသော်လည်း သူ့အတွက် သက်တောင့်သက်သာ လုပ်နေရသည့်လုပ်ငန်းများ
ဖြစ်နေသည်။ လုပ်ရိုးလုပ်စဉ် လုပ်ငန်းမျိုးလည်းဖြစ်နေ၍ အင်အား သုံးရခြင်း၊ ဦးနှောက်အား
စိုက်ထုတ်ခြင်းမျိုးမရှိပါ။ ထို့ကြောင့် အခြားသူများ ထင်ထားသကဲ့ သို့ အိပ်စက်ခြင်းမရှိသော်လည်း
အလိုက်သင့်အိပ်ငိုက်နေခြင်း သို့မဟုတ် အချိန်အတိုင်းအ တာ တစ်ခုခုအတွင်း အိပ်စက်နေသကဲ့သို့
ဖြစ်သည်ဟု သုတေသီတို့က ဆိုကြပါသည်။ အချို့သော ပုဂ္ဂိုလ်များသည် မိမိဝါသနာပါသော
အလုပ်မျိုးလုပ်နေရစဉ် သို့မဟုတ် မိမိချစ်ခင်သော မိသားစုနှင့် နေထိုင်ကြစဉ်နှင့် ပျော်ရွှင်စွာနေကြသည့်
အချိန်များတွင်“ ပြည့် ၀စွာ အိပ်စက်ခြင်း၊ မအိပ်စက်ရခြင်း” ဟူသော အချက်သည် သူတို့အား
မထိခိုက်ကြဟု ဆို ပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ Thomas Edison သည် မအိပ်မနေ ကြိုးစား
ခဲ့ခြင်းဖြင့် လျှပ်စစ်မီးသီးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည့်
အချက် ဖြစ်နေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment