သူငယ်ချင်းတို့ရေ
ကျွန်တော့သူငယ်ချင်းတွေ ကျွန်တော်နဲ့တွေ့တိုင်း ခေါင်းစားနေရလို့ ဒီတခါတော့
ပျော်စရာရွှင်စရာ ပြက်လုံးပဟေဠိလေးကို တင်ဆက်လိုက်ပါတယ်။ ကွက်လပ်ထဲက (အက္ခနံပါတ်
တတ်ထားတဲ့ နေရာက) စကားလုံးလေးတွေကို ဖြည့်ပေးရမှာပါ။ ကိုယ်ဖြည့်ချင်ရာ ဖြည့်လို့မရပါဘူး။
တကယ်ရှိခဲ့တဲ့ ရှေး လူရွှင်တော်ကြီးများရဲ့ ပြက်လုံးများဖြစ်လို့ သူ့ဝေါဟာရနဲ့သူ ရှိပြီးသားပါ။ ဒါ့ကြောင့်
ပရိတ်သတ်အကြိုက် ပွဲကျစေမယ့် စကားလုံးများကို ဖြည့်ရမှာပါ။ ကြိုးစားကြည့်ရင်း ပျော်ရွှင်နိုင်ကြပါစေ။
ကဲ သူငယ်ချင်းတို့ စဉ်းစားလို့ ရတဲ့ အဖြေလေးတွေနဲ့ မှန်မမှန် အောက်က အဖြေကြည့်ရန်
ဆိုတာလေးနှိပ်ပြီး တိုက်ကြည့်လိုက်ပါနော်။
ပဟေဠိ ၁
ပထမလူရွှင်တော်။ ။ ခင်ဗျား မင်းသားဘ၀တုန်းက “ဦးစိန်ကတုံး” နဲ့ အပြိုင် က နေတာ
ကျွန်တော်သိပါတယ်။
ဒုတိယလူရွှင်တော်။ ။ ပရိတ်သတ်ကြီးကို ပြောပြလိုက်စမ်းပါဗျာ။
ပထမလူရွှင်တော်။ ။ ဦးစိန်ကတုံးက မြင်းခြံမှာ က လို့၊ ခင်ဗျားက ( က ) မှာအိပ်နေတယ်။
ဦးစိန်ကတုံးက ဖျာပုံမှာ က.တဲ့အခါ ခင်ဗျားက ( ခ ) လို့။
ဘယ်ထိအောင် ပြိုင်ခဲ့သလဲဆိုရင် ဦးစိန်ကတုံးက ရွက်ထည်ရုံနဲ့ တမတ်
ခင်ဗျားက ( ဂ ) ရုံနဲ့ ငါးမူး။
ပရိတ်သတ်။ ။ ၀ါး...ဟား...ဟား...
ပဟေဠိ ၂
လူရွှင်တော်။ ။ ပညတ်သွားရာ ဓာတ်သက်ပါဆိုတဲ့စကား မှန်ပုံကို ကြုံတုန်း ကျွန်တော့
ကိုယ်တွေ့လေး ပြောပါရစေ။
တလောက ( ဃ ) သွားစားတယ် အိမ်မှာ ရှိသမျှပစ္စည်းတွေ ပေါင်ရတာပဲ။
အယူမသည်းပါဘူးဆိုပြီး ( င ) ၀ယ်စားပြန်တယ် ပစ္စည်းတွေပြန်မရွေးနိုင်တော့ဘူး။
တိုက်ဆိုင်မှုပါပဲဆိုပြီး ( စ ) ၀ယ်စားပြန်တယ် ဒီတော့မှ မိန်းမရတော့တာပဲဗျို့
ပရိတ်သတ်။ ။ ၀ါး...ဟား...ဟား....
ပဟေဠိ ၃
မြိုင်ထ ကအပြီး မင်းသားမင်းသမီးနားချိန်မှာ လူရွှင်တော်များ ပြက်လုံးထုတ်ပုံမှာ-
ပထမလူရွှင်တော်။ ။ သူငယ်ချင်း ဟောဟိုက တောင်တန်းတွေကို မင်းမြင်ရဲ့လား။
ဟိုဘက်က တောင်ကြီးက ရွှေထွက်လို့ ရွှေတောင်လို့ခေါ်တယ်ကွ။
ဒီဘက်ကတောင်ကတော့ ငွေထွက်လို့ ငွေတောင်လို့ ခေါ်တယ်ကွ။
ဒါပေမယ့် ( ဆ ) လည်း ထွက်တာတော့ မဟုတ်ဘူးကွ။
ပရိတ်သတ်။ ။ ၀ါး...ဟား....ဟား....
ပဟေဠိ ၎
လူရွှင်တော်။ ။ မင်းသမီးသာ ငါ့ချစ်သူဆိုရင် ဟိုတောင်တန်းကျတော့ မောင်ထမ်းလို့ ခေါ်ပါ့မယ်။
ဟိုတောင်ကွေ့ကျတော့ မောင်ပွေ့လို့ခေါ်ပါ့မယ်။ ဟိုတောင်ရိုးကျတော့
အဲ...အဲ... မောင် ( ဇ ) လို့ခေါ်ပါ့မယ်။
ပရိတ်သတ်။ ။ ၀ါး...ဟား...ဟား....
ပဟေဠိ ၅
မင်းသားအပေါ် မင်းသမီးက စဉ်းစဉ်းစားစားပြုပြီးမှ ချစ်ပါရစေလို့ ပြောရာမှာ လူရွှင်တော်များ
ပြက်လုံးထုတ်ပုံ
လူရွှင်တော်။ ။ အိမ်ထောင်မှုဘုရားတည် ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးခု ချက်မပိုင်လျှင်
နောင်ပြင်နိုင်ခက်သည့်အမျိုးလို့ ဆိုရိုးစကား ရှိလေတော့ စဉ်းစားခါမှ တော်ရာကျမယ်။
မင်းသမီး။ ။ ရှင်းပြစမ်းပါဦးရှင်။
လူရွှင်တော်။ ။ ရှင်းရှင်းလေးပါ၊ ဘုရားတည်ပြီးရင် ပြန်ဖျက်လို့မရဘူး။ ဒါ့ကြောင့် မတည်မီက သတိ
ထားရမယ်။ ဆေးမင်ရည်စုတ်ထိုး ဆိုတာလည်း စုတ်ဖျားဝင်ပြီးရင် ပြန်ပြင်လို့မရဘူး။
အိမ်ထောင်ပြုရင်လည်း သတိထား ( ဈ ) ပြန်ပြင်လို့ မရဘူး။
ပရိတ်သတ်။ ။ ၀ါး... ဟား...ဟား...
ပဟေဠိ ၆
မင်းကုသဇတ်တွင် ကုသကိုယ်တော်ကြီး ပဘာဝတီ အဆောင်တော်သို့ ၀င်တဲ့အခါဖန်တိုင်တော်
မလင်းတဲ့အပေါ် မူတည်ပြီး “ပိန်သေး” နဲ့ “မိုးကြိုး” ပြက်လုံးထုတ်ပုံ
ပိန်သေး။ ။ ဖန်တိုင်တော်မလင်းဘဲ မှောင်မဲမဲကြီးထဲမှာ အဆောင်တော် ကူးရတယ်ဆိုတော့
ကိုယ်တော်ကြီးယောင်ဆောင်ပြီး အခြားတစ်ယောက်က ၀င်သွားရင်တော့
ခက်တော့မှာပဲကွယ်။
မိုးကြိုး။ ။ သခင်မက သူ ( ည ) နေကျ ( ဋ ) ဟာ တစ်ထွာရှည်တယ်၊ တစ်ညိုရှည်တယ်
သိပြီးသား မင်း ပူစရာမလိုပါဘူး။
ပရိတ်သတ်။ ။ ၀ါး... ဟား... ဟာ....
ပဟေဠိ ၇
မင်းသမီး။ ။ ပရိတ်သတ်ကြီး အားပေးတာကိုတွေ့ရတော့ ကျွန်မ က ရတာ တစ်ချီနဲ့လည်း
မမောဘူး၊ နှစ်ချီနဲ့လည်း မမောဘူးရှင့်။
လူရွှင်တော်။ ။ ဒါပေမယ့် သုံးချီကျတော့ မောလွန်းလို့ဆိုပြီး ခြေကုန်လက်ပန်းကျသွားလိုက်တာ
သူ့ ( ဌ ) ကိုတောင် လှမ်းမယူချင်တော့ပါဘူးတဲ့။
ပရိတ်သတ်။ ။ ၀ါး... ဟား...ဟာ....
ပဟေဠိ ၈
နှစ်ပါးသွားကအပြီး မင်းသားခမျာ မောလို့ ချောင်းဆိုးပါလေရော။
ကြင်ခဲ။ ။ က တော့ မောတာပေါ့။ ဒါ့ကြောင့် မ က ပါနဲ့ ငြိမ်ငြိမ်နေလို့ပြောတာ။
ငြိမ်ငြိမ်နေတာကမှ ကောင်းဦးမယ်။
ရွှေမောင်း။ ။ ဟင်... မင်းဟာက တစ်မျိုးပါလားကွ။ ငြိမ်ငြိမ်နေတာ အရသာရှိတယ်လို့
ငါ ကြားဘူးတာကတော့ ငြိမ်ငြိမ်နေတာ မကောင်းဘူး ( ဍ ) တာကမှ ကောင်းတယ်ဆို။
ပရိတ်သတ်။ ။ ၀ါး... ဟား....ဟား....
ပဟေဠိ ၉
ဓာတ်စံ။ ။ ရေးတော့အမှန် ဖတ်တော့အသံတဲ့ မောင်ဓာတ်ဆီရဲ့။ အထူးသဖြင့် စာရေးတဲ့အခါ
“သည်လည်း ညသတ်” နားလည်ရမယ်။ တနေ့က သူကြီးက ငါ့ကိုခေါ်တယ်။
မင်းတို့ရပ်ကွက်က အားလုံးလာရမယ် မောင်ဓာတ်စံ မင်းလည်း လာရမယ်ဆိုလို့
( ဎ ) သွားရတယ်ကွာ။
ပရိတ်သတ်။ ။ ၀ါး...ဟား....ဟာ...
ပဟေဠိ ၁၀
ပေါကြွယ်။ ။ အိမ်က မိန်းမ နေမကောင်းလို့ က ရတာ မပျော်ပါဘူးကွာ။
ကြက်တော။ ။ ငါ့မိန်းမ နေမကောင်းဘူး ဆိုတုန်းကတော့ ကုန်လိုက်တဲ့ ဆေးဖိုး၊
စုံလိုက်တဲ့ ဆေးဆရာ၊
ပျောက်ချင်တော့လဲ ( ဏ ) နဲ့ ပျောက်သွားတာပဲ။ စမ်းကြည့်ပါလား။
ပရိတ်သတ်။ ။ ၀ါး...ဟား...ဟား....
ပဟေဠိ ၁၁
နူနာရောဂါသည် သောတ္ထိသေနနှင့် သမ္ဘူလဇတ် က ပြရာမှာ “ဓာတ်အိုး” နှင့် “မိုးကြိုး”
ပြက်လုံးထုတ်ပုံ
ဓာတ်အိုး။ ။ အဲဒါထက် မိုးကြိုးရေ၊ နူတာ တစ်ကိုယ်လုံးလားကွ။
မိုးကြိုး။ ။ မင်းဟာ မဆိုင်ပါဘူး။ ( တ ) လို စပ်ရင် တစ်တောင့်လုံး စပ်မှာပေါ့ကွ။
ပရိတ်သတ်။ ။ ၀ါး...ဟား...ဟား....
ပဟေဠိ ၁၂
ရွှေမန်းတင်မောင် ဖွားတော်မူခန်းတွင် မိုးညိုနှင့် အောင်ငွေ ပြက်လုံးထုတ်ပုံ
အောင်ငွေ။ ။ ကျုပ်မေ့တတ်ပုံများ ပြောပါတယ်။ တရက်က မောင်းဆုံထဲ ဆန်ထဲ့ထောင်းတာ
တခါထောင်းလည်း ဆန်ဖြူမထွက် နှစ်ခါထောင်းလည်း ဆန်ဖြူမထွက်
ဘယ်ထွက်မှာတုံး ကျုပ်က မောင်းဆုံ ကျည်ပွေ့မှ မတတ်မိတာကိုး။
ဒါနဲ့ မိန်းမယူလိုက်တာ တစ်နှစ်လာလည်း ကလေးမရ၊ နှစ်နှစ်လာလည်း
ကလေးက မရ၊ ဘယ်ရမတုံး ကျုပ်က ( ထ ) တာကိုး။
ပရိတ်သတ်။ ။ ၀ါး...ဟား...ဟား....
ကဲ သူငယ်ချင်းတို့ အောက်က အပြည့်အစုံဖတ်ရန် မှာ နှိပ်ပြီး အဖြေကလေးတွေကို
ကြည့်ရင်း ပျော်ရွှင်ရယ်မောနိုင်ကြပါစေဗျာ။
ပဟေဠိ (၁)
အဖြေ (က) နွားခြံ (ခ) ခွေးချေးပုံစား (ဂ) သွပ်
ပဟေဠိ (၂)
အဖြေ (ဃ) ပေါင်မုန့် (င) မရွေးမုန့် (စ) ထိုးမုန့်
ပဟေဠိ (၃)
အဖြေ (ဆ) တောင်တိုင်း
ပဟေဠိ (၄)
အဖြေ (ဇ) ပိုး
ပဟေဠိ (၅)
အဖြေ (ဈ) စုတ်ဖျားဝင်ရင်
ပဟေဠိ (၆)
အဖြေ (ည) သောက် (ဖွာ) (ဋ) ဆေးပေါ့လိပ်
ပဟေဠိ (၇)
အဖြေ (ဌ) သောက်နေကျ ဆေးလိပ်
ပဟေဠိ (၈)
အဖြေ (ဍ) ချောင်းဆိုး
ပဟေဠိ (၉)
အဖြေ (ဎ) လူကိုယ်တိုင်
ပဟေဠိ (၁၀)
အဖြေ (ဏ) ဆော်ဒါ (ကရင်ဆိုဒါ)
ပဟေဠိ (၁၁)
အဖြေ (တ) ငရုပ်သီးတောင့်
ပဟေဠိ (၁၂)
အဖြေ (ထ) မောင်းဆုံ ကျည်ပွေ့မှ မတတ်မိ
No comments:
Post a Comment