Thursday, August 29, 2013
အချိုရည် ခိုးသောက်မယ်
သူငယ်ချင်းနှင့် နှစ်ယောက်တည်း အတူရှိနေချိန်မှာ သူငယ်ချင်းကို ပြောလိုက်ပါ “ မင်းရဲ့မျက်နှာကို
ငါက ဟောဒီလို လက်ညှိုးနှစ်ချောင်းနဲ့ ထောက်ထားမယ် ပြီးရင် မင်းက မျက်လုံးခဏမှိတ်ထား
အဲဒီအချိန်မှာမင်းရဲ့ရှေ့က အချိုရည်ခွက် (သို့) ဘီယာခွက်ကို ငါယူသောက်ပြမယ် ” လို့ပေါ့
သူငယ်ချင်းက လက်ခံတယ်ဆိုရင် လုပ်နည်းလေး စလို့ရပါပြီ သိချင်ရင် အောက်က အပြည့်အစုံ
ဖတ်ရန်မှာ နှိပ်ကြည့်လိုက်နော်။
လုပ်နည်းလေးကတော့ သူ့မျက်လုံး မှိတ်သွားတဲ့အချိန်မှာ စောစောကပြသလို လက်ညှိုးနှစ်ချောင်းနဲ့
မထောက်ဘဲ လက်တစ်ဖက်တည်းနဲ့ ဒီလို လက်သန်းနဲ့ လက်ညှိုးကိုအသုံးပြုပြီး ခွထောက်ထားလိုက်ပါ။
သူကတော့ လက်နှစ်ဘက် လက်ညှိုးနှစ်ချောင်းနဲ့ ထောက်ထားတယ်လို့ ထင်မှာပါပဲ။
အဲဒီအချိန်မှာ သင့်ရဲ့ ကျန်တဲ့လက်တစ်ဖက်နဲ့ အချိုရည် (သို့) ဘီယာခွက်ကို ယူသောက်လိုက်ပါ။
သောက်ပြီးလို့ကုန်သွားရင် ခွက်အလွတ်ကို သူ့ရှေ့မှာ ပြန်ချထားလိုက်ပေါ့။ ပြီးတော့
လက်ကိုလွှတ်လိုက်။
နေဦး လက်ကို လွှတ်တဲ့ နေရာမှာ လက်ညှိုးနှစ်ချောင်း လက်နှစ်ဖက်ကို အသုံးပြုပြီး ထောက်တဲ့ ဟန်နဲ့
ဒီလိုလေး ကျန်တဲ့ လက်တစ်ဖက်က ကူပြီး ဟန်ဆောင် နောက်ဆုတ်လိုက်ပါ။ စောစောက လက်နှစ်ဖက်ကို
သုံးပြီး ထောက်တယ်လို့ သူထင်အောင်လို့ပါ။
ဒီတော့ သူ အံ့အားသင့်သွားပြီပေါ့။
မှတ်ချက် ။ ။ဒီလို လုပ်ရာမှာ မျက်နှာ ပါးနှစ်ဖက်ပေါ်ကို ထောက်တာထက် မျက်လုံး
မျက်ခွံနှစ်ဖက်ပေါ်ကို ထောက်တာက ပိုကောင်းပါတယ်။ ရုတ်တရက်
သူဖွင့်ကြည့်လို့ မရတော့ဘူးပေါ့
ကျွန်တော်တော့ ဒီနည်းနဲ့ ဘီယာ အလကား သောက်ခဲ့တာ မနည်းတော့ဘူး ခိခိ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment