Friday, August 9, 2013
ကြက်သွန်နီလှီးဖြတ်စဉ် မျက်ရည်ကျတာကို ဘယ်လို ကာကွယ်မလဲ
ကြက်သွန်နီဥကို အခွံနွှာပြီး လှီးဖြတ်ဖို့လုပ်လိုက်တာနဲ့ သင့်ကို မျက်ရည်တွေ ထိမ်းမရနိုင်လောက်
အောင် ကျစေတာကိုကော သတိပြုမိပါသလား။ ခက်တာက ကြက်သွန်နီ မပါတဲ့ ဟင်းလျာ၊ အစား
အသောက်ဟာ ဘယ်လိုမှ အရသာမရှိတာကိုလည်း သိထားကြပါတယ်။ အဲဒီတော့ ကြက်သွန်နီလှီးစဉ်
မျက်ရည်ကျရတဲ့ ဒုက္ခကိုတော့ ခံကြရမှာပါ။
တကယ်တော့ သင် ကြက်သွန်နီဥတစ်လုံးကို လှီးဖြတ်နေစဉ်မှာ အဲဒီအထဲက ဆဲလ်တွေထဲမှာ
အင်ဇိုင်းတွေ အမြောက်အများ ရှိနေပါတယ်။ ဆိုပါစို့ ကြက်သွန်နီကို လှီးဖြတ်စဉ် အဆိုပါ အင်ဇိုင်းတွေ
ဟာ လွတ်ထွက်ကုန်ပါတယ်။ တချို့ဆိုရင် ပုပ်သိုးဆွေးမြေ့လို့တောင်နေပါပြီ။ အဲဒီအထဲမှာ အမိုင်နို
အက်ဆစ် ဆာလ်ဖိုအောက်ဆိုဒ် ဆိုတာက အကဲဆုံးပါ။ ဓါတ်ငွေ့တွေကို စည်းလွတ်ဝါးလွတ်
ထွက်ကုန်စေတယ်
ဆိုပါတော့။ အဲဒီ ဓါတ်ငွေ့တွေဟာ မျက်လုံးအတွင်း ၀င်ရောက်ရာက ရေခိုးရေငွေ့ သဏ္ဍာန်မျိုးကို
ဖြစ်စေပါတယ်။တစ်နည်းအားဖြင့် စွမ်းအား မပြင်းထန်တဲ့ ဆာလ်ဖျူရစ် အက်ဆစ်အဖြစ် မျက်လုံးအတွင်း
ဝင်ရောက်တာ ဖြစ်လို့ အန္တရာယ် မဖြစ်စေသော်လည်း သင် မခံမရပ်နိုင်လောက်အောင်တော့ စပ်ဖျဉ်းဖျဉ်း
ဖြစ်စေပါတယ်။
အဲဒီလို အချိန်မျိုးမှာ သင့်ရဲ့ နာဗ်ကြောတွေက အလွန်နူးညံ့လေတော့ အဆိုပါ ၀င်ရောက်လာတဲ့
ဓါတ်ငွေ့တွေကို မျက်ရည်အဖြစ် တုန့်ပြန် ကျဆင်းစေတာပါ။ တစ်နည်းအားဖြင့် သင့်ကို မျက်ရည်နဲ့
အကာအကွယ် ပေးလိုက်တာပါ။ နောက်ထပ် တုန့်ပြန်မှုတစ်ခုက သင့်လက်နဲ့ ပွတ်မိပါလိမ့်မယ်။
ဒါလည်း သဘာဝရဲ့ အကာအကွယ်ပြုခြင်း တစ်ရပ်ဖြစ်ပေမယ့် သင့်လက်မှာလည်း ကြက်သွန်နီက
ဓါတ်တွေ ရှိနေပြီဖြစ်တဲ့အတွက် ကောင်းတဲ့ အကာအကွယ် နည်းလမ်းတော့ မဟုတ်ပါဘူး။
သင် သတိမထားမိလို့ပါ။ ကြက်သွန်နီတင် မဟုတ်ပါဘူး။ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ချင်း
စသည်တို့ကို လှီးဖြတ်ရင်လည်း အဆိုပါ ဓါတ်ငွေ့မျိုး ထွက်လာတတ်ပါတယ်။ ဒါပေမယ့် မပြင်းထန်လို့
မသိလိုက်တာပါ။
ကာကွယ်ဖို့ ပထမဆုံး နည်းလမ်းက ကြက်သွန်နီဥများကို လှီးဖြတ်စဉ်မှာ သင့်ရဲ့ ဦးခေါင်းကို
ခပ်ခွာခွာ အနေအထားမှာ ထားဖို့ပါ။ ဒါကို မရှောင်နိုင်ဘူးဆိုရင် မျက်မှန်သဘောမျိုး အကာအကွယ်
တစ်ခုခု တပ်ထားပါ။ နောက်နည်းလမ်းတစ်ခုက ရယ်ဖို့တော့ ကောင်းမှာပါ။ အဲဒါက ကြက်သွန်နီကို
လှီးနေစဉ် သင့်ပါးစပ်ထဲမှာ ပေါင်မုန့် သို့မဟုတ် သကြားခဲတစ်ခဲကို ငုံထားပါလို့ ဆိုပါတယ်။ အဆိုပါ
ဓါတ်ငွေ့များဟာ သင့်မျက်လုံးဆီ မရောက်ခင်မှာပဲ အဆိုပါ ပစ္စည်းတွေက စုပ်ယူသွားပါလိမ့်မယ်။
တစ်ခုတော့ရှိပါတယ်။ သင်ဟာ နှာခေါင်းနဲ့ အသက်ရှူရမယ့်အစား ပါးစပ်နဲ့ အသက်ရှူရပါလိမ့်မယ်။
ဒါမှ ကြက်သွန်နီက ထွက်တဲ့ ဓါတ်တွေ့တွေဟာသင့်မျက်လုံးများဆီ မရောက်မှာ ဖြစ်ပါတယ်။
ဒီလိုမှ သင့်အနေနဲ့ မကာကွယ်နိုင်ဘူးဆိုရင် ကြက်သွန်နီဥကို ခွာပြီးတာနဲ့ မလှီးသေးဘဲ
ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ အပူချိန် အပြောင်းအလဲက ဓါတ်ငွေ့ထွက်ရှိမှုကို သက်သာပါစေ
လိမ့်မယ်။ နောက်နည်းလမ်း တစ်ခုက ကြက်သွန်နီကို လှီးဖြတ်နေစဉ် ရေထဲစိမ်ထားပြီး လှီးဖြတ်
ကြည့်ပါ။ သို့မဟုတ် ဘုံဘိုင်ရေခေါင်းက ကျနေတဲ့ ရေအောက်မှာ လှီးကြည့်ပါ။ ဒါဆို အဆင်ပြေသွား
ပါလိမ့်မယ်။
လေးစားစွာဖြင့်
ကိုသန်းဇော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment