၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။ ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်။
ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟုမှတ်။
၂။ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာ အားထုတ် နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊
မှန်ပင် မဂ်ရကြောင်း၊၊
၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ိရိယလျော့၊ အင်အားပျော့ကာ၊ လွန်စွာယူမှား၊ ဤငါးပါး၊ တရားမဂ်ဖိုလ်
ဝေးလေသတည်း။
၎။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုခွင့်၊ ရလင့်ဧကန်သာ။
၅။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၆။ သစ္စာလေးပါးဆိုတာ၊ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၇။ ရခဲတဲ့ ဘ၀ကလေးမှာ၊ အလကားအချိန်တွေ မဖြုန်းလိုက်ပါနဲ့။
၈။ နားက တရားနာပါ၊ ဉာဏ်က ခန္ဓာလှည့်ပါ။
၉။ တရားနာတာသည်၊ မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၁၀။ နားကြီးကြီးနဲ့ တရားနာပါ။
၁၁။ ၀ိပဿနာ အားမထုတ်ဘဲနဲ့၊ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဉာဏ်က မဦးဘဲ၊ အသေ ဦးသွားရင်
ကိုယ့်အတွက် 'နာ' မည်။
၁၂။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခို စေနဲ့။
၁၃။ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး၊ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၁၄။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မိမိဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ။
၁၅။ စာ၊ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ။ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာကမှ ပညာသိ။
၁၆။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိနဲ့မှ နိဗ္ဗာန် ရောက်နိုင်သည်။
၁၇။ ရှေ့နောက် ခွဲတတ်ပါစေ။ မိမိအရေးက ရှေ့ကထား။ သားရေး၊ သမီးရေး၊ စီးပွားရေးက နောက်ထား။
၁၈။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၉။ ဒါနက သံသရာရှည်တာလား၊ ဒါန နောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၂၀။ ဒါန နောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၂၁။ သစ္စာသိလျှင် ခန္ဓာ ရောင်းလှူပါ၊ သစ္စာမသိလျှင် သစ္စာ သိအောင် အရင်လုပ်ပါဦး။
၂၂။ အိုရာက နာရာ မရောက်ခင် ၀ိပဿနာလုပ်ပါ။
၂၃။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၂၄။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၅။ ရှေ့နာမ်ကို နောက်ဉာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၆။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၂၇။ အသေက ဖြစ်ပျက်၊ အရှင်က မဂ်၊ အပျက်နဲ့ မဂ် ကိုက်အောင် ရှုတာ ၀ိပဿနာ၊၊
၂၈။ ရှေ့က ဖြစ်ပျက်၊ နောက်က မဂ် နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၉။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်မည်။
၃၀။ သူများစိတ် အကဲမခတ်နဲ့၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ်ကို အကဲခတ်တာမှ အမှန်ရမည်။
၃၁။ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့်၊ အလုပ် ကြည့်ချင်ရင် ခန္ဓာ ကြည့်။
၃၂။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်ဆိုးဆုံး။
၃၃။ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၄။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်သို့ ပြေးနေတယ်။
၃၅။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်း သူပြေးနေတော့ မနေ့ကထက် ယနေ့ သေဖို့ တစ်ရက်
နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၆။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေ ရှောင်တာ။
၃၇။ ခန္ဓာက အပြေးသွားနေတော့ အသေက ဦး၍ ဉာဏ်က နောက်ကျ သွားလိမ့်မယ်။
၃၈။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုသာန်မရောက်ခင် မ၈္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၉။ သက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ်ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနဲလိမ့်မယ်။
၄၀။ သာသနာနဲ့ ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်တယ်။
၄၁။ ကိစ္စဟူသ၍ မဂ်တား၊ ဖိုလ်တားလို့ မှတ်ပါ။
၄၂။ ဒကာ၊ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သားပေါက်ပီပီ လုပ်နေကြတာပဲ။
၄၃။ တဏှာကို အဖေါ်မလုပ်နဲ့၊ ဉာဏ်ကို အဖေါ်လုပ်ပါ။
၄၄။ အလကားနေသ၍ အမှားနေခြင်းလို့သာ မှတ်ပါ။
၄၅။ ယခု သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ ပစ္စည်းဥစ္စာတွေနဲ့ မသိပြုံး ပြုံးနေသလောက်၊ မသိပျော်
ပျော်နေသလောက်၊ နောင်သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မယ်။
၄၆။ ကိုယ့်ကိုယ်ကို သနားရင် ၀ိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊
စီးပွားရေး လုပ်ကြ။
၄၇။ အသက်ကြီးလေလေ၊ ကံမွဲဉာဏ်မွဲ လေလေ မှတ်။ ကံမွဲတာ အရေးမကြီး၊ ဉာဏ်မွဲရင် နိဗ္ဗာန်
မရောက်။
၄၈။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာရမှာ၊ ဉာဏ်မပါရင် ကံက ခြယ်လှယ်သွားလိမ့်မယ်။
၄၉။ နိဗ္ဗာသည် ကံ၏ အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးဖြစ်တယ်။
၅၀။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာတွေကိုသာ အယုံကြီး ယုံလိုက်ပါ။
၅၁။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်ပျက်မှုပဲ ရှိတယ်။
၅၂။ ၀ိပဿနာဆိုတာ ခန္ဓာမလိုချင်အောင် ရှုတာ။
၅၃။ ဒါန သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်၊ ၀ိပဿနာ အလုပ်လုပ်မှသာ ရောဂါ
ပျောက်မယ်။
၅၄။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင် လုပ်တာ။
၅၅။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၆။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၇။ ကြားတဲ့ တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။
No comments:
Post a Comment