ရေထု အလွန် များပြားစွာ ရှိပါသည်ဟု ဖြေရပါမယ်။ ဂါလံအားဖြင့် ထရီလီယံပေါင်း ၃၂၆ မီလီယံ
(၃၂၆ နောက်မှ သုည ၁၈ လုံး) ဖြစ်၍ လီတာအားဖြင့် ၁၂၆၀,သုည ၁၈လုံး ဖြစ်သည်။
အခိုးအငွေ့များအဖြစ် လေထုအတွင်းသို့ ပျံတက်၍ ကုန်းမြေများရှိရာဘက်သို့ ရွေ့လျားကာ မိုးရေအဖြစ်
ရွာချသည်။ အဆိုပါ မိုးရေများသည် မြစ်၊ ချောင်းများမှတစ်ဆင့် ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့
စီးဝင်ပြန်သည်။ ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ပင်လယ်၊ သမုဒ္ဒရာများ၏ ရေထုအဖြစ် ဖုံးလွှမ်း
နေသည်။ အဆိုပါ သမုဒ္ဒရာတို့၏ ပျမ်းမျှ အနက်သည် မီတာ ၁၀၀၀ ၀န်းကျင်ဖြစ်သည်။ ကမ္ဘာ့ရေထု
အားလုံး၏ ၉၈ ရာခိုင်နှုန်းသည် ပင်လယ်၊ သမုဒ္ဒရာများတွင် သာရှိပြီး ၎င်းတို့သည် သောက်သုံး၍
မရသော ဆားငန်ရေများ ဖြစ်နေသည်။ ထို့ကြောင့် ၂ ရာခိုင်နှုန်းမျှသော ကမ္ဘာ့ ရေထုသည် ရေချိုအဖြစ်
တည်ရှိနေသည်။ သို့တိုင် ၁.၆ ရာခိုင်နှုန်းသော ရေများသည် ၀န်ရိုးစွန်းဒေသများတွင် ရေခဲတောင်များ
အဖြစ် တည်ရှိနေပြန်ပါသည်။ ၀.၃၆ ရေကို မြေအောက်မှ တူးဖေါ်ရနိုင်သည်။ မြစ်ချောင်း၊ အင်းအိုင်
များတွင် တွေ့မြင်နေရသည့် ရေထုသည် ၀.၀၃၆ ရာခိုင်နှုန်းသာ ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် အလွန်
နည်းသော အဆိုပါ ရေများသည်ပင်လျှင် ဂါလံအားဖြင့် အမြောက်အများ ဖြစ်နေသောကြောင့် ယခု
ကျွန်ုပ်တို့ နေ့စဉ် မပူမပင်ရဘဲ ရေကို သုံးစွဲနေရခြင်းဖြစ်သည်။ သင့်ခန္ဓာကိုယ်တွင်းမှာပင် ရေ ၆၅
ရာခိုင်နှုန်း ရှိနေသည်။ သင်သည် ပေါင် ၁၀၀ အလေးချိန်ရှိသော ပုဂ္ဂိုလ်ဖြစ်နေလျှင် ရေ အလေးချိန်
၆၅ ပေါင်ဖြစ်သည်။ ရေခဲသေတ္တာ၊ အအေးပုလင်းများနှင့် အခြား အစားအသောက်များတွင်လည်း
ရေများစွာ ရှိနေပါသည်။
No comments:
Post a Comment